Channel Myanmar

Steven Yeun

Sorry to Bother You (2018) 7.4
Sorry to Bother You (2018) Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။ IMDb rating အနေနဲ့လည်း 7.2 အထိရရှိထားပါတယ်။ (ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်)  File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Comedy , Fantasy , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Zaya Phyoe Encoded by Thanhtike Zaw
movie

Sorry to Bother You (2018)

2018
Burning (2018) 7.5
Burning (2018) Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ်အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ်အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလားကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May ...
movie

Burning (2018)

2018
The Star (2017) 5.9
The Star (2017) Drama လဲ မကြည့်ချင် Crime Thriller လဲမကြည့်ရဲတဲ့ ပရိတ်သတ်တွေရှိလား…ကာတွန်းကိုပဲ ကြိုက်တယ် ကာတွန်းကားကြည့်ရတာ ပျော်တဲ့ ပရိတ်သတ်တွေရှိလား…ဒါဆိုရင်တော့ “The Star”ဆိုတဲ့ Animation Cartoon movie လေး လာပါပြီဗျာ…ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်…မယ်ရီဟာ ညတစ်ညမှာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်..မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်…မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လွယ်ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ…သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန်စက်က ထွက်ပြေးပြီး ...
movie

The Star (2017)

2017
Mayhem (2017) 6.5
Mayhem (2017) ဒီအက်​ရှင်​ဇာတ်​ကြမ်း​ကား​လေးအ​ကြောင်းအစပျိုးရရင်​ဇာတ်​လမ်း​ပြေ​ပြေ​လေးက​နေ မထင်​ထား​လောက်​​အောင်​ကြမ်းရမ်းသွားတယ်​ဘာညာ​ပေါ့ဗျာဒါ​တွေမ​ပြောခင်​ ID - 7 ဗိုင်းရပ်​စ်​​လေးအ​ကြောင်းအနည်းငယ်​ intro ဝင်​ချင်​ပါတယ်​ID-7 ဗိုင်းရပ်​စ်​ဆိုတာ ​လူ​တွေရဲ့စိတ်​အာရုံကို ထိန်းချုပ်​မှုမဲ့​အောင်​တဒင်္ဂရူးသွပ်သွား​စေတဲ့ဗိုင်းရပ်​မျိုးပါမီး​လောင်​ရာ​လေပင့်​ဆိုသလို​ပေါ့ဗျာ​ဒေါသနည်းနည်း​လေးထွက်​​လေ့ရှိတာကို ဗိုင်းရပ်​စ်​​ကြောင့်​လူသတ်​တဲ့အထိဖြစ်​သွားတာမျိုးအစရှိသည်​ဖြင့်​ဘာညာ​ပေါ့အညွှန်းကို​ပြောရမယ်​ဆိုရင်​​တော့ဖြင့်​TSC ကုမ္ပဏီဆိုတာ လူထုအကျိုးပြုလုပ်​ငန်းတစ်​ခုပါဘာ​တွေအကျိုးပြုသလဲလို့​မေးရင်​ နည်းနည်း​တော့​ဖြေရခက်​မယ်​ဗျအကျိုး​ဆောင်​မှန်​သမျှအကုန်​လုပ်​တယ်​​ပေါ့ဗျာဒါ​ပေမယ့်​ အမြတ်​ကြီးစားပြီးအကျိုးအမြတ်​​လောက်​ပဲ​ထည့်​စဉ်းစားတဲ့​​သောက်​ကျိုးနဲလုပ်​ငန်းကြီးဆိုပိုမှန်​မယ်​ဗျအဲ့ဒီကုမ္ပဏီမှာအမြဲတမ်း​တစတစ​အောင်​မြင်​ဖို့ကြိုးစား​နေတဲ့ဒဲလ်​ရက်​ခ်​ဆိုတဲ့အာရှသားတစ်​​ယောက်​ကလည်း​နေရာတစ်​​နေရာရထားတဲ့သူပါတစ်​​နေ့မှာ အကျင့်​ပျက်​မှုကြီးပြည့်​​နေတဲ့လုပ်​ငန်းကို ID - 7 ဗိုင်းရပ်​စ်​ဆိုတဲ့မိတ်​​ဆွေကြီးအလည်​လာပြီးတဲ့​နောက်​မှာ​တော့ဝရုန်းသုန်းကားကိုဖြစ်​ကုန်​​တော့တာပါပဲ​အဲ့ဒါ​ကြောင့်​ဒီကုမ္ပဏီကိုသီးသန့်​အ​ဆောက်​အဦးအဖြစ်​သတ်​မှတ်​ပြီးကူးစက်​ပြန့်​ပွားမှုမဖြစ်​အောင်​ ၈နာရီနီးပါးချိတ်​ပိတ်​ခံခဲ့ရပါတယ်​ဘယ်​​ပြော​ကောင်းမလဲဗျာ အထဲကကုမ္ပဏီဝန်​ထမ်း​တွေရဲ့အချင်းချင်းမ​ကောင်းကြံမှု​တွေ သတ်​ဖြတ်​မှု​တွေ ကလည်းဗိုင်းရပ်​စ်​ပိုးတွန်းအား​ပေးမှု​ကြောင့်​တစတစဝုန်းဒိုင်းကျဲလာ​တော့တာပဲ​နောက်​ပိုင်း​ကောဘာဆက်​ဖြစ်​မလဲ ဒီဗိုင်းရပ်​စ်​ပိုးကူးစက်​ခံခဲ့ရတာကပဲ​အဆိုးထဲကအ​ကောင်းဖြစ်​သွားနိုင်​မလားဆိုတာက​တော့.....အင်​မတန်​ကြမ်းရမ်းတာကိုရှုစားရင်းစီး​မျောကြမယ်​ဗျာ...(စကားလုံးအသုံးအနှုန်းများအင်​မတန်​ကြမ်းတမ်းခြင်းကို​သတိပြု​ပါ)  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (700 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre :Action, Horror Subtitle ...
movie

Mayhem (2017)

2017
Okja (2017) 7.3
Okja (2017)   ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie

Okja (2017)

2017