Channel Myanmar

Sunil Shakya

Atithi Bhooto Bhava (2022) 6.5
Atithi Bhooto Bhava (2022) ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူးဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ ...
movie

Atithi Bhooto Bhava (2022)

2022
Shukranu(2020) 6.8
Shukranu(2020) Shukranu(2020)Drama ဇာတ်ကားဖြစ်ပြီးတော့တစ်ခြားဇာတ်ကားတွေနဲ့မတူဘဲကတဲ့အခန်းလုံးဝမပါပါဘူး၊IMDB rating ကလည်း 6.8 ရထားပါတယ်။ဘစ်တူးဟာဘာနူးနဲ့အတူဒေလီမှာနေပါတယ်။သူကဒေလီကကောင်မလေးတစ်ယောက်ကိုတွေ့ပြီးကြိုက်သွားပါတော့တယ်။ဒါပေမယ့်အခြေအနေမပေးတဲ့အတွက် အိမ်ကပေးစားပဲသူနဲ့ပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီခေတ်က သူတို့ဆီမှာ ခပ်ဆန်းဆန်းအမိန့်တစ်ခုထုတ်ပြန်ထားတယ်...ဘစ်တူးတစ်ယောက် တလွဲလုပ်မိရာကနေ ထုတ်ထားတဲ့အမိန့်မှာ ရောယောင်ပြီးပါသွားတယ်...။အဲ့ဒီနောက်ကစလို့ ပြဿနာမျိုးစုံကြုံတွေ့ရပါတော့တယ်..ထုတ်ထားတဲ့အမိန့်ကဘာလဲ...ဘာကြောင့်အဲ့အမိန့်ကို မလိုက်နာသင့်ဘဲသူလိုက်နာလိုက်ရတာလဲ..နောက်ဆက်တွဲပြဿနာတွေကရောဘာဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Shukranu(2020)