Channel Myanmar

Szymon Wróblewski

Will (2024) 7.1
Will (2024) Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Will (2024)

2024
Mother’s Day (2023) 5.3
Mother’s Day (2023) Mother's Day (2023)ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား​တွေကိုမှ ကြိုက်တဲ့သူ​တွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~​နေတိုးအထူး​အေးဂျင့်​ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်​ယောက် နှစ်​ပေါင်းများစွာ တစ်​ယောက်တည်း ဇာတ်မြုပ်​နေရာက​နေ ရုတ်တရက် အ​​မေများ​နေ့မှာ သားဖြစ်သူ မက်စ် တစ်​ယောက် ရန်သူ​တွေရဲ့ အငြိုး​ကြောင့် ပြန်​​ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ ​အေးဂျင့်တုန်းက စ​ကေး​တွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်း​လေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​လေး တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 640MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ...
movie

Mother’s Day (2023)

2023