Channel Myanmar

Tanja Ribič

No Man’s Land(2001) 8.0
No Man’s Land(2001) No Man's Land(2001)IMDb....8.0,,,,,,Rotten.....93%ဘောစနီးယန်းနဲ့ ဆားဘီးယန်းတို့ စစ်ပွဲဖြစ်နေချိန် ရှေ့တန်းကို တပ်ကူဖို့လာခဲ့တဲ့ ဘော့စနီးယားဆေးတပ်သားအဖွဲ့ဟာ ညဖက်ကြီးထွက်လာခဲ့တယ်.... ညကလည်းမှောင် မြူနှင်းတွေကလည်း ရှေ့တပြကို မမြင်ရလောက်အောင်ထူထပ်တာမို့ ခရီးဆက်မထွက်ဘဲ အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီး ယာယီနားဖို့ကြိုးစားကြတယ်... မနက်မိုးလင်းလို့ နေရောင်ထွက်လာချိန် သူတို့ဘေးဘီဝဲယာကို စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရောက်နေတာ တစ်ဘက်ရန်သူဖြစ်တဲ့ ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရှေ့တည့်တည့်ဆီကို ရောက်နေတာသိလိုက်ရချိန်မှာတော့ သူတို့နောက်ကျသွားပါပြီ..... ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရဲ့အကြိုက်ပါပဲ..ပစ်ကွင်းမြင်ကွင်းရှင်းသလို အပေါ်စီးကနေ အတွဲလိုက်ဆွဲတဲ့နောက်မှာတော့ ဘောစနီးယန်းအဖွဲ့ ကျည်ဆံဖျားမှာ အသက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်... ဒီအထဲကမှာ စီကီတစ်ယောက်ကတော့ ကံကောင်းရှာတယ်ပြောရမလားပဲ ... နီးစပ်ရာကတုတ်ကျင်းထဲ ပြေးပုန်းနိုင်ခဲ့တယ်..ကျန်တဲ့သူတွေတော့အကုန်သေဆုံးသွားတယ်... ဒီနောက်မှာတော့ ဘော့စနီးယားတပ်သားစီကီတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားနိုင်မလား... ဆားဘီးယန်းတွေရဲ့ ကင်းထောက်အဖွဲ့ရန်ကနေ ဘယ်လိုရုန်းကန်မလဲ... သူ့ဆီကိုရော ဘယ်လိုလူမျိုးတွေရောက်လာမလဲ... ဒီကားက ၁၉၉၃ခုနှစ် ဘော့စနီးယားစစ်ပွဲကာလကြီးကိုအခြေခံရိုက်ကူးထားတာပါ... စစ်ပွဲဟာ အကျအဆုံးပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာရှိခဲ့ပေမယ့် သမိုင်းမှာတော့ ရိုးတိုးရိပ်တိတ်သာရှိခဲ့တယ်...ဒီဇာတ်ကားဟာ ဘော့စနီးယား ဒါရိုက်တာနဲ့စာရေးသူ Danis Tanovic ရဲ့ ပထမဆုံးဖန်တီးမှုဖြစ်တယ်။ ပထမဆုံးလို့မဆိုသာအောင်ဘဲ ဇာတ်ကားဟာ လှပတယ်။ အပြစ်ဆိုနိုင်ဖွယ်ရာမရှိဘူး။ ပေးချင်တဲ့ Message တွေကလည်းတကယ့်ကိုကောင်းလှတယ်..အစမှအဆုံးထိဆွဲခေါ်သွားတယ်... ဒါ့ကြောင့်လည်းဆုပေါင်းများစွာရရှိထားတယ်...ရရှိတဲ့ဆုတွေကတော့ Best Foreign Language Film, 2001 74th Academy Awards Best Foreign Language Film, ...
movie

No Man’s Land(2001)

2001