Channel Myanmar

Terayle Hill

The Millennial (2022) 6.9
The Millennial (2022) The Millennial (2022)(1080p ရပါပြီ)အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း Generation-Y ဖြစ်တဲ့ ချက်ဒ် ဆိုတဲ့ လူငယ်လေးကို အင်တာဗျူးနေတဲ့ ပုံစံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ချက်ဒ်ဆိုတဲ့ မာစတာဘွဲ့အထိတောင်ရထားတဲ့ လူငယ်လေးတစ်ယောက် အလုပ်သင်ကာလပြီးတော့ အရွေးမခံလိုက်ရလို့ အိမ်ကို စိတ်ပျက်လက်ပျက်ပြန်လာခဲ့ပါတယ်။ အဖေကလည်း အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့ အလုပ်မရလိုက်တာ ပိုလို့တောင် စိတ်ညစ်နေတဲ့အချိန် အိမ်ကလူတွေက သူ အလုပ်ရပြီအထင်နဲ့ ပါတီပွဲနဲ့ စောင့်ကြိုဂုဏ်ပြုဖို့ အားခဲထားကြတာပေ့ါ။ဒီလိုတွေဖြစ်သွားတော့ သူလည်းအလုပ်မရခဲ့ကြောင်း မပြောနိုင်တော့ဘဲ ဘာလုပ်ရမှန်းမသိ၊ လမ်းပျောက်နေတုန်း ငယ်သူငယ်ချင်းရဲ့ Instagram က ပို့စ်ကို တွေ့ပြီး အတ္တလန်တာသွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲဒီကနေ ဘယ်လိုတွေဖြစ်လာမလဲ? ကြုံတွေ့လာရမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး အောင်မြင်သူ တစ်ယောက်ဖြစ်လာပါ့မလား? စိတ်ဓာတ်ကျပြီး အရှုံးသမား လုံးလုံး ဖြစ်သွားမလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်စို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size  ...
movie

The Millennial (2022)

2022
SuperFly (2018) 5.1
SuperFly (2018) SuperFly (2018)_______IMDb - 5.1/10    အတ္တလန်တာမြို့မှာမူးယစ်ဆေးဝါးရောင်းတဲ့ ပရိစ်ဆိုတဲ့သူဟာသူများတွေထက်အကွက်မြင်ပြီးတစ်ခါမှရဲမှတ်တမ်းမရှိဘူးတဲ့ ဘီးကျဲတစ်ယောက်ပေါ့ သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီလောကထဲကနေထွက်သွားဖို့အတွက်စီစဉ်ခဲ့တယ်။ အဲ့ဒီလိုနဲ့သူ့သူငယ်ချင်းအက်ဒီနဲ့ပေါင်းပြီးနောက်ဆုံးတစ်ခေါက်အချီကြီးရနိုင်မဲ့အကြံကိုအကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ဘောစ့်ကိုကွက်ကျော်ရိုက်ပြီးသူ့ကိုမူးယစ်ဆေးများများထောက်ပံ့ပေးနိုင်မဲ့ မက်ဆီကိုမူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုနဲ့တစ်ဖက်ကမူးယစ်ရာဇာတွေ အတ္တလန်တာမြို့ထဲက သူ့ကိုမကြည်တဲ့မူးယစ်ဂိုဏ်းတွေ လာဘ်စားတဲ့ရဲတွေနဲ့ပြသနာတွေရင်ဆိုင်လာတဲ့အခါသူဘယ်လိုတွေဖြေရှင်းမလဲဆိုတာကိုတင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box officeမှာUS $20millions ကျော်ရရှိထားတဲ့Actionကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုမျိုးခန့် ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by Myo Khant Encoded by Thanhtike Zaw  
movie

SuperFly (2018)

2018