Channel Myanmar

Terrence Howard

Prisoners (2013) 8.1
Prisoners (2013) Prisoners (2013) IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal " ကျွန်​​တော်​တို့တ​တွေရဲ့ ဘဝ အဓိပ္ပါယ်​ ကျွန်​​တော်​တို့ တန်​ဖိုးထားမြတ်​နိုးရတဲ့ လူ​တွေကို ဆုံးရှုံးရတဲ့အခါ ကျွန်​​တော်​တို့တကယ်​ပဲ မ​ကောင်းဆိုးဝါး တစ်​ပိုင်းဖြစ်​သွားကြသလား" ဒီကားရဲ့ Main cast ​တွေက​တော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါ​နေတာနဲ့တင်​ ဘာမှဆက်​ ညွှန်းဖို့ မလို​လောက်​​အောင်​ပါပဲ။ အ​ဖေဇာတ်​ရုပ်​​တွေနဲ့ အ​တော်​စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အ​တော်​​လေး ဈာန်​ဝင်​ခဲ့သလို ဒီကားထဲမှာလည်း သမီး​ပျောက်​လို့ ပူပန်​​နေရတဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့ လုံးဝ Perfect ဖြစ်​ခဲ့ပါတယ်​။ Jake Gyllanhaal ရဲ့ ဟန်​ကလည်း အ​တော်​​လေး သ​ဘောကျစရာ​ကောင်းတာကို ​တွေ့ရမှာပါ။ မြို့က​လေးတစ်​မြို့မှာ ဖြစ်​လာမဲ့ အရာရာတိုင်းအတွက်​ အသင့်​ပြင်​ထားရမယ်​ဆိုတဲ့ အ​တွေးအ​ခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်​တန်းစားတစ်​​ယောက်​ ရှိ​ပါတယ်​။ ​ကျေးဇူး​တော်​​နေ့မှာ တစ်​ဖက်​လမ်းက အိမ်​ကို စား​သောက်​ပွဲတစ်​ခုသွားရင်း အိမ်​ရှင်​ရဲ့ သမီး​လေးနဲ့ Kellerအိမ်​ကို ပြန်​သွားရင်း Keller ရဲ့ သမီး​လေး ​ပျောက်​ဆုံးသွားပါတယ်​။ လိုက်​သမျှ အမှု မ​အောင်​မြင်​တာ မရှိ​သေးတဲ့ စုံ​ထောက်​Loki (Jake) ဟာ ဒီအမှုကို ကိုင်​တွယ်​ဖို့ ဖြစ်​လာခဲ့တယ်​။ သမီးအတွက်​ ...
8.1
IMDB: 8.1/10 498,993 votes
movie

Prisoners (2013)

2013
Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်.. IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်.. အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်...သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး.. အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ.. တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယ၀င်နေကြပါတယ်.. သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား.. သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား.. ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါ   File Size : (850 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
6.9
IMDB: 6.9/10 120,077 votes
movie

Four Brothers (2005)

2005
Blu-Ray 720p
August Rush (2007)-မြန်မာစာတန်းထိုး 7.5
August Rush (2007)-မြန်မာစာတန်းထိုး ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ကံကြမ္မာရဲ့ လှည့်ပြောင်းမှုအောက်မှာပဲ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်ကားရဲ့ ...
7.5
IMDB: 7.5/10 88,904 votes
movie

August Rush (2007)-မြန်မာစာတန်းထိုး

2007
Awake (2007) 6.5
Awake (2007) ဒီရုပ်ရှင်ကားလေးကို ရုပ်ရှင်ကြည့်သူများ လက်ထဲ အရောက်ပို့ဖို့ အတွက် မျက်ရည်တွေ ၀ိုင်းပြီး ဘာသာပြန်ပေးခဲ့သူကတော့ Tariq L Walker ဖြစ်ပါတယ် ဘာသာပြန်ဖို့ စေခိုင်းသူကတော့ ကျနော်ပါ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်တယ်လို့ နှလုံးသားထဲကနေ သိနေလို့ပါ... ဒီရုပ်ရှင်ကားမှာ ကျနော် ကြည့်စေ သိစေချင်တဲ့ အကြောင်းရာက ချစ်ခြင်းမေတ္တာတရားပါ ဇတ်လမ်း ပုံစံ ကတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကလေ (Clay) ဟာ ဖခင် သေဆုံးမှု အပေါ် အမေ ဖြစ်သူရဲ့ အပြစ်မကင်းဟု မှတ်ယူပြီး အမေ နှင့် အစေးမကပ်တဲ့ သူဌေးသား တစ်ဦး ဖြစ်ကာ လက်ထပ် ယူတော့မယ့် ချစ်သူ ဆမ် လဲ ရှိနေပြီ ဖြစ်ပါတယ်.. ကလေ မှာ ချစ်ရသော ချစ်သူ ဆမ် အပြင် အချစ်ဆုံး သူငယ်ချင်းဖြစ်သော ဆရာဝန် ဖြစ်သူ ဂျက် လဲ ...
6.5
IMDB: 6.5/10 63,844 votes
movie

Awake (2007)

2007