Channel Myanmar
Timothy Spall
The Last Samurai (2003) 7.8
The Last Samurai (2003) The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie
The Last Samurai (2003)
2003
4K HEVC
Ginger & Rosa (2012) 6.2
Ginger & Rosa (2012) Ginger & Rosa (2012)~ IMDb - 6.2/10, Rotten Tomatoes - 78% ~ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ...
movie
Ginger & Rosa (2012)
2012
The Grand Duke Of Corsica (2021) 5.0
The Grand Duke Of Corsica (2021) The Grand Duke Of Corsica (2021)=========================IMDb Rating - 5.0/10အချမ်းသာဆုံးလူတွေရဲ့ စိတ်ကူးတွေဟာအရူးနှမ်းဆုံးပဲတဲ့။ ဒီလိုပဲ အရမ်းတော်တဲ့ ပညာရှင်ဆိုတာလည်း ခေါင်းအမာဆုံးနဲ့  ဂွအကျဆုံးလူတွေပါပဲတဲ့။ဒီဇာတ်ကားထဲမှာတော့ ဂွစာဗိသုကာပညာရှင်အဖိုးကြီးတစ်ယောက်နဲ့ ဘီလီယံနာသူဌေးကြီးတစ်ယောက်တို့အတူတူပေါင်းပြီး မာစတာပိစ်လက်ရာတစ်ခုကို တည်ဆောက်ဖို့ ကြိုစားနေကြပုံများကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ သူတို့တည်ဆောက်ဖို့ ကြိုးစားနေတာကတော့ ဘီလျံနာကြီးရဲ့ ဂူဗိမာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့်ဗိသုကာကြီးက သူ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှဂူဗိမ္မာန် မတည်ဆောက်ခဲ့ဖူးတာမို့ ဘီလျံနာကြီးနဲ့အတူခဏတာနေထိုင်ရင်း သူ့အကြောင်းတွေကို လေ့လာကာ ဒီဇိုင်းကို စဉ်းစားနေခဲ့ပါတယ်။ အဆုံးသတ်မှာတော့သူတို့ဆောက်ချင်နေတဲ့ ဂူဗိမ္မာန်ကြီးက အောင်မြင်စွာ ပြီးဆုံးသွားမှာလား၊ ဘီလျံနာကြိးကရော ဘာကြောင့်အလောတကြီး သူ့ဂူဗိမ္မာန်ကို တည်ဆောက်ချင်နေရတာလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမှာလဲ၊သူတို့အချင်းချင်းရော အဆင်ပြေပါ့မလားဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Tar Tee Poe, Chit Tee တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
The Grand Duke Of Corsica (2021)
2021
Chicken Run (2000) 7.0
Chicken Run (2000) Chicken Run(2000) IMDb - 7.0/10_____Rotten - 97%Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကို တစ်​ခေါက်ပြန်ကြည့်မိတယ် ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲ ဇတ်လမ်းပုံစံက တွီဒီလို့ ​ခေါ်တဲ့ ​မွေးမြူ​ရေး ကြက်ခြံက ငရဲခံ​နေရတဲ့ ဥ ဥ​ပေးရတဲ့ ကြက်မ​တွေ အ​ကြောင်း​ပေါ့ အဲ့ဒီကြက်ခြံက​နေ ထွက်​ပြေးဖို့ အမြဲကြံ​နေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စု​ပေါ့ ဂျင်ဂျာက​တော့ လွတ်​​​မြောက်နယ်​မြေရှိမယ်လို့ အမြဲယုံကြည်​နေသူ တစ်ဦး​ပေါ့ သူ့စိတ်ကူးကို သူငယ်ချင်း​တွေက အမြဲ အ​​ကောင်အထည်​ဖော်​ပေးရတယ် ထွက်​ပြေးဖို့နည်းလမ်း​တွေ ဆွဲကြတယ် ​ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ် ပိုင်ရှင် လင်မယားဟာ ကြက်​တွေကို မ​ဝရေစာ ​​ကျွေး​မွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံး လိုချင်ကြပါ​သေးတယ် အပတ်တိုင်း ကြက်ခြံကို ဝင်စစ်​လေ့ ရှိပြီး တစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ ကြက်မ အတွက်​တော့ နားရက်ရသွားတာပါပဲ နားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ် ဖြစ်သွားတာမျိုး​ပေါ့ ​နောက်ဆုံး ပလန်​တွေ အလုပ်မဖြစ်လို့ လက်​လျှော့ အရှူံး​​ပေး​တော့မယ် စဥ်းစား​နေတဲ့ ဂျင်ဂျာ အတွက် ​မျှော်လင့်ချက် ​အလင်း​ရောင်က တစ်ညမှာ တွီဒီ ကြက်ခြံထဲကို ကြက်ဖ ...
movie
Chicken Run (2000)
2000
Sweeney Todd: The Demon Barber of Fleet Street (2007) 7.3
Sweeney Todd: The Demon Barber of Fleet Street (2007)
Mrs Lowry & Son(2019) 6.8
Mrs Lowry & Son(2019) Mrs Lowry & Son(2019)IMDb...6.8(unicode)ဒီကားလေးတော့ ၁၉၀၀ခုနှစ်များနောက်ပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့Englishပန်းချီဆရာ L.S.Lowry ရဲ့ဘဝဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်... ဇာတ်အိမ်တည်ဆောက်ထားပုံကရိုးရှင်းပြီး ပါဝင်တဲ့သရုပ်ဆောင်တွေက ကျရာနေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဥ်းပြောရရင်တော့ အသက်သာကြီးနေပေမယ့်ဘာမှပေါက်ပေါက်မြောက်မြောက်မရှိတဲ့ပန်းချီဆရာလော်ရီဟာ သူတစ်ပါးချေးထားတဲ့အကြွေးတွေကိုလိုက်တောင်းပေးရတဲ့သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင်း အသက်ရွယ်အိုမင်းပြီးလမ်းမလျှောက်နိုင်တော့တဲ့အမေအိုကြီးကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ... သူ့အမေကတော့ လော်ရီရဲ့ပန်းချီပညာပေါ်ထားတဲ့ခံယူချက်တွေရူးသွပ်မှုတွေကို တားမြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်သာလုပ်စေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ယောက်ပေါ့... ဒီလိုနဲ့ပဲလော်ရီတစ်ယောက်သူဖြစ်ချင်တာနဲ့မိခင်စိတ်ဆန္ဒတို့အကြား ဗျာများနေရပါတော့တယ် ဒီကားလေးမှာထူးခြားတာကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်မှာအင်္ဂလန်နိုင်ငံရဲ့ လူတန်းစားကွဲပြားပုံတွေ စက်မှုဖွင့်ဖြိုးတိုးတက်တဲ့နောက်ကွယ်ကဘဝတွေကို အသေးစိတ်မဟုတ်တောင်မြင်သာအောင်ရိုက်ပြထားတာကိုတွေ့ရမှာပါ ပန်းချီဆရာတစ်ယောက်ရဲ့အတွေးအမြင်စိတ်နေစိတ်ထားတွေကိုတော့ ရိုးရိုးရှင်းရှင်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါတယ်... IMDb...6.8 ရရှိထားလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ထင်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...(zawgyi)ဒီကားလေးတော့ ၁၉၀၀ခုနှစ်များနောက်ပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့Englishပန်းချီဆရာ L.S.Lowry ရဲ့ဘဝဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်... ဇာတ်အိမ်တည်ဆောက်ထားပုံကရိုးရှင်းပြီး ပါဝင်တဲ့သရုပ်ဆောင်တွေက ကျရာနေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ အသက်သာကြီးနေပေမယ့်ဘာမှပေါက်ပေါက်မြောက်မြောက်မရှိတဲ့ပန်းချီဆရာလော်ရီဟာ သူတစ်ပါးချေးထားတဲ့အကြွေးတွေကိုလိုက်တောင်းပေးရတဲ့သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင်း အသက်ရွယ်အိုမင်းပြီးလမ်းမလျှောက်နိုင်တော့တဲ့အမေအိုကြီးကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ... သူ့အမေကတော့ လော်ရီရဲ့ပန်းချီပညာပေါ်ထားတဲ့ခံယူချက်တွေရူးသွပ်မှုတွေကို တားမြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်သာလုပ်စေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ယောက်ပေါ့... ဒီလိုနဲ့ပဲလော်ရီတစ်ယောက်သူဖြစ်ချင်တာနဲ့မိခင်စိတ်ဆန္ဒတို့အကြား ဗျာများနေရပါတော့တယ် ဒီကားလေးမှာထူးခြားတာကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်မှာအင်္ဂလန်နိုင်ငံရဲ့ လူတန်းစားကွဲပြားပုံတွေ စက်မှုဖွင့်ဖြိုးတိုးတက်တဲ့နောက်ကွယ်ကဘဝတွေကို အသေးစိတ်မဟုတ်တောင်မြင်သာအောင်ရိုက်ပြထားတာကိုတွေ့ရမှာပါ ပန်းချီဆရာတစ်ယောက်ရဲ့အတွေးအမြင်စိတ်နေစိတ်ထားတွေကိုတော့ ရိုးရိုးရှင်းရှင်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါတယ်... IMDb...6.8 ရရှိထားလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ထင်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...  File Size : (850MB) and (309 MB) Quality : WEB-DL 720p Format…mp4 Duration…01:31:00 Genre : Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Mrs Lowry & Son(2019)
The Corrupted (2019) 5.7
The Corrupted (2019) လီယမ်နဲ့ဆင်းန် ညီအစ်ကို ၂ ယောက်ဟာသူတို့ငယ်စဥ်မှာပဲ ဖခင်က အသတ်ခံလိုက်ရပြီးကိုယ့်ကိုကိုယ်သတ်သေတဲ့ပုံစံ ခွင်ဆင်ခံလိုက်ရပါတယ်။လီယမ်ဟာကြီးလာတော့ လုယက်မှုနဲ့ထောင်ကျခဲ့ပါတယ်။ထောင်မကျခင်မှာ မိန်းမနဲ့သားလေးလည်းရှိနေပြီပေါ့။သူထောင်ကထွက်လာတော့သူ့ညီ၊ ဆင်းန်က တရားမဝင်မူးယစ်မှောင်ခိုသွင်းတဲ့လုပ်ငန်းမှာ ပါဝင်နေတာကိုသိသွားခဲ့တယ်။နောက်ပိုင်းကိစ္စက တဖြည်းဖြည်းကြီးလာပြီးနောက်ကွယ်ကလူတွေဟာရဲအရာရှိနဲ့ အစိုးရအကြီးပိုင်းလူတွေပါ ပါဝင်နေတဲ့အခါ...လျှို့ဝှက်ချက်​တွေကိုသိသွားတဲ့ လီယမ်နဲ့ သူ့မိသားစုကို အလွတ်ပေးကြပါ့မလား...လီယမ်ကရော ဒီပြဿတွေကနေဘယ်လို ရုန်းထွက်သွားမလဲ...ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာရှုစားကြပါဦး File Size : ( 936 MB , 354 MB)Quality :  WEB-DL 720pRunning Time : 1 hr 43 minFormat : Mp4Genre : Comedy , Drama , ThrillerSubtitle ...
movie
The Corrupted (2019)
2019
Lemony Snicket’s A Series of Unfortunate Events (2004) 6.8
Lemony Snicket’s A Series of Unfortunate Events (2004)  A Series of Unfortunate Events (2004) =======================တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။ တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို.. စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့ အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက် နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင် တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။ သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။ အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ.. ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့ကလေးမလေးတစ်ယောက်ပါ။ အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ...
movie
2004
Rock Star (2001) 6.3
Rock Star (2001) ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်...ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ...ဇာတ်လမ်းအကျဉ်းလေးကတော့...ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီးအဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်....တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်....သူ Steel Dragon ...
movie
Rock Star (2001)
2001
(21+)Intimacy[2001] 6.2
(21+)Intimacy[2001] (21+)Intimacy[2001](function(f,b,n,j,x,e){})();Dark Side Production မှ တင်ဆက်သည်။ IMDb..6.2 (လူကြီးမင်းတို့ရဲ့ သမာဓိအားကို စမ်းသပ်စစ်ဆေးပေးသည့်အပြင်အိမ်ထောင်ရေးပညာပေး ဆုတွေတသီကြီးရထားတဲ့အဆင့်အတန်းမြှင့်ကားမို့ BLU-RAY 1080P,720Pတို့ဖြင့်ပြန်လည်တင်ဆက်ပေးထားသည်...)ဗုဒ္ဓဟူးနေ့... အပတ်တိုင်းရဲ့ ဒီနေ့မှာ ဂီတပညာရှင်ဟောင်း Bar Leaderဆီ အမျိုးသမီးတစ်ယောက်ရောက်လာပြီး အပြန်အလှန် ကာမဆန္ဒဖြေဖျောက်ကြတယ်.... တစ်ယောက်နဲ့တစ်ယောက်ငြိတွယ်ပုံတွေက ဆန်းကျယ်တယ်.. စကားတွေအများကြီးမဆိုကြဘူး..ချစ်ရည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ပဲခပ်ကြမ်းကြမ်းကဗျာတွေဖွဲ့သီကြတယ်...ဒီကားက အိမ်ထောင်ရေးဇတ်လမ်းကောင်းလေးဖြစ်သလို imdb..6.2လည်းရထားပါတယ်...သို့ပေမယ့်[21+] ခန်းတွေပါဝင်တာမို့ဒီကားရဲ့ကောင်းမွန်တဲ့ message လေးတွေရယူချင်တဲ့သူတွေအဖို့  ဘယ်လိုကြည့်သင့်တယ်ဆိုတာ အထွေအထူးသတိမပေးတော့ပါဘူးနော်... နောက်ပြီးဒီကားက ဆု (၆)ဆုရထားလေတော့ ခင်ဗျားတို့ကြည့်တာ တကယ့် တန်းဝင်ကားတစ်ကားကိုကြည့်နေတယ်ဆိုတာလည်း သတိရပြီး ဂုဏ်ယူသင့်တဲ့အကြောင်း လေး ထပ်လောင်းပြောကြားပါရစေ...File Size :(2GB) And (850 MB)  Quality : BLU-RAY 1080P,720P Running Time : 1hr 59min Format : Mp4 Genre :  Drama , Romance , Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded by Darkside BGR
movie
(21+)Intimacy[2001]
2001
Vanilla Sky (2001) 6.9
movie
Vanilla Sky (2001)
2001
Early Man(2018) 6.3
Early Man(2018) အခုတစ်​ခါ​တော့ ၂၀၁၈ ခုနှစ်​ထွက်​ထားတဲ့ Early Man ဆိုတဲ့​ကျောက်​​ခေတ်​ကာလကို ​နောက်​ခံထားပြီးရိုက်​ကူးထားတဲ့Animation ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ဒီကား​လေးကို ဒါရိုက်​တာ Nick Park ကရိုက်​ကူးခဲ့တာဖြစ်​ပြီးAardman Animation က ​နေထုတ်​လုပ်​ဖြန်​့ချီထားတာဖြစ်​ပါတယ်​ဒီကား​လေးက ​ကျောက်​​ခေတ်​ကာလက​နေ​ကြေး​ခေတ်​​ပြောင်​းတဲ့ကာလမှာ​ကျောက်​​ခေတ်​မှာ ​အေး​ဆေ​း​နေခြင်​တဲ့ ​ကျောက်​​ခေတ်​လူသား​လေး Dug ကသူ့အိမ်​ကို အ​နှောက်​အယှက်​​ပေးဖျက်​ဆီး မယ်​့ လူဆိုးကြီးNooth ရဲ့ရန်​က​နေကာကွယ်​တာကို ရိုက်​ကူးပြထားတာဖြစ်​ပါတယ်​ဇာတ်​ကား​လေးက​တော်​​တော်​ ​ကောင်​းပြီး ဒီကားထဲမှာပါတဲ့သီချင်​း​လေး​တွေကလဲ ​တော်​​တော်​ ​ကောင်​းပါတယ်​ဒီကား​လေးထဲမှာ Dug အဖြစ်​ Eddie Redmayne က သရုပ်​​ဆောင်​ထားပြီးGoona အဖြစ်​ Maisie Willians နဲ့လူဆိုးကြီး Lord Noothဖြစ်​ Tom Hiddlestom က အသံသရုပ်​​ဆောင်​​ပေးထားတာဖြစ်​ပါတယ်​ကဲ Animation ပရိတ်​သတ်​ကြီးအ​နေနဲ့က​တော့လက်​လွတ်​မခံသင်​့တဲ့ကား​လေး ဆိုတာ​ပြောလိုက်​ပါရ​စေQty - 720p BlurayGern - Animation / Action / ThrillerDuration - 1hr 55minTranslator ...
movie
Early Man(2018)
2018
The King’s Speech (2010) 8.0
The King’s Speech (2010) The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations   သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie
The King’s Speech (2010)
2010
Upside Down (2012) 6.4
Upside Down (2012) Upside Down (2012)_____IMDb - 6.4/10  ဒီရုပ်ရှင်ကားလေးကို V Day Feb 14 မှ တင်ဖို့ ဘာသာပြန်သူက ပြောထားပါတယ်... ရုပ်ရှင်ကား ရဲ့ အစ မှာတော့ ကျနော်တို့လို ကမ္ဘာကြီးမဟုတ်ပဲ ဆွဲငင်အား ၂ ခု နဲ့ ကမ္ဘာ ၂ ခုဖြစ်နေပါတယ်.. သူတို့ အခေါ်အဝေါ်ကတော့ အပေါ် နဲ့ အောက်ဘက် တဲ့... တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မြင်နေရပါတယ်... ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် သွားလည်ခွင့် လုံး၀ မရှိပါဘူး... တစ်ရက်မှာတော့ ကောင်လေး တစ်ယောက်ဟာ အပေါ် သို့ အောက်ဘက် က ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပါတယ် အဲ့ဒီဘက်ကိုလဲ ခိုးခိုးပြီးသွားလည်ပါတယ်... သူတို့ ၂ ဦး ပေါင်းစည်းဖို့ ကမ္ဘာ နှစ်ခုကိုလဲ ပေါင်းစည်းဖို့ကြိုးစားပါတော့တယ်.. V Day အတွက် ပြည့်စုံတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုရရှိမယ်လို့ ရည်ညွှန်းလိုက်ပါရစေ....ဒီကားလေးကို ဘာသာပြန်သူကတော့ MT (UCSY) ဖြစ်ပါတယ် (သစ်ဆန်းခန့်)File ...
movie
Upside Down (2012)
2012