Channel Myanmar

Toby Huss

Copshop(2021) 6.6
Copshop(2021) ကြမ်း​ပေ့ယမ်း​ပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ ​သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့CMပရိတ်သတ်​တွေအတွက် တကယ်ကြမ်းတဲ့Crime Actionကားတစ်ကားကို မိတ်ဆက်​ပေးလိုက်ပါပြီအဓိကဇာတ်လိုက်နှစ်​ယောက်ကိုက Angle Has Fallen triologyနဲ့ 300လိုတကယ့်​ကောင်း​ပေ့ညွန့်​ပေ့ဆိုတဲ့အက်ရှင်ကား​တွေမှာ ​​ခေါင်း​ဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလိုတကယ့်​သွေးထွက်သံယိုကား​တွေကိုပဲရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်​တွေဘယ်​လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်ဂိမ်းပရိုဂရမ်​ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူ​​ဌေး​တွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာ​တော့ညာမိတဲ့သူ​ဌေး အ​ရွေးမှားပြီး Hitman​ပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါ​တော့တယ်​ပြေးလို့မလွတ်နိုင်မှန်းသိတဲ့​နောက် Gun Creekမြို့​လေးကိုအ​ရောက်မှာ​တော့ မြို့ကရဲ​မေအရာရှိ Valerie Youngကိုအသားလွတ်ဆွဲထိုးကာ ​ထောင်နန်းစံပြီး ​ကြေးစားသမား​တွေရန်က​နေ လွတ်​အောင်ကြံပါ​တော့တယ်ဖြစ်ချင်​တော့ Hitman​တွေထဲကတစ်​ယောက်ဖြစ်တဲ့ Viddickက Teddyကို​ခြေရာခံမိသွားတဲ့အတွက်၊သူကပါ အရက်မူးသမားအ​​ယောင်​ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး ​Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအ​သေရရ အရှင်ရရအမဲဖျက်ချင်​နေတဲ့ Hitmanက တစ်​ယောက်နှစ်​ယောက်မဟုတ်တဲ့အခါ Gun Creekမြို့​​လေးကိုတခြား​ကြေးစားလူသတ်သမား​တွေပါ လိုက်လာတဲ့အခါ.....Teddyတစ်​​ယောက် Hitman​ပေါင်း​သောင်း​ခြောက်​ထောင်ရန်က​နေ လွတ်နိုင်ပါ့မလား၊သူရဲ့​နောက်​ကြောင်းဇာတ်လမ်းက​ရော ဘယ်လိုများဖြစ်မလဲ၊Viddickက​ရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်​​တွေကြားထဲက​နေTeddyကို ...
movie

Copshop(2021)

2021
The Rental 7.3
The Rental ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။    File Size - 954 ...
movie

The Rental

2020
Rescue Dawn(2006) 7.3
Rescue Dawn(2006) Rescue Dawn(2006) IMDb 7.3 ,,,,,rotten tomatoes....90% ဒီဇာတ်ကားကတော့  အမေရိကန်ဗီယက်နမ် စစ်ဖြစ်နေဆဲကာလမှာလေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ Dieter Dengler အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ...ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ရုံမက ခန္ဓာကိုယ်တွေပါပြောင်းပစ်ပြီး ပီပြင်အောင်စွမ်းဆောင်နိုင်တဲ့ Batman မင်းသားChristian Bale ကတော့ ပိုင်းလော့ကြီးနေရာမှာ သရုပ်ဆောင်ထားပါတယ်...ဒီပိုင်းလော့ကြီး ဟာ ဗီယက်နမ်စစ်မြေပြင်ကိုသွားဖို့ ကိစ္စတစ်ခုနဲ့သွားရောက်ဖို့စေလွှတ်ခြင်းခံရတယ်...စစ်ဖြစ်နေဆဲကာလမို့ ဗီယက်နမ်ခရီးဟာ သူ့အတွက် အန္တရယ်များလှ သလို ဖြတ်သန်းသွားရမယ့်  လာအိုနယ်ကလည်း သူ့အတွက် အသက်အချိန်မရွေးပျောက်နိုင်ပါတယ်..တကယ်လည်း သူလေယာဉ်ဟာလာအိုထဲကိုဖြတ်ပျံသန်းစဉ်မှာ ပျက်ကျခဲ့တယ်...ကံကောင်းထောက်မစွာ သူအသက်ရှင်ခဲ့ပေမယ့် သူဖမ်းဆီးခံလိုက်ရတယ်...ကိုင်းသူလွတ်မြောက်နိုင်မလား.... စစ်သုံပန်းဘဝကိုကြံ့ကြံ့ခံနိုင်မလား..ဘယ်လိုအပေးအယူတွေနဲ့ရော သူကြုံတွေ့မလဲ...ဆိုတာကိုတော့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်တဲ့အပြင် IMDb 7.3 နဲ့ rotten tomatoes.90% တေတာင်ရထားလို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ..File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Action, Adventure, Biography Subtitle : Myanmar Subtitle ...
movie

Rescue Dawn(2006)

2006
Bedazzled (2000) 6.0
Bedazzled (2000) Bedazzled (2000)IMDb - 6.0/10_____Rotten - 50%      အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie

Bedazzled (2000)

2000
City of Lies(2018) 6.6
City of Lies(2018) City of Lies(2018)Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
movie

City of Lies(2018)

2018
Destroyer (2018) 6.3
Destroyer (2018) ဒီကားလေးကတော့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး ကြီးNicole Kidman အဓိကပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ငယ်ရွယ်တဲ့စုံထောက်မိန်းကလေး၁ယောက် ဘဏ်ဓါးပြမှုတွေနဲ့ဆိုးသွမ်းတဲ့အဖွဲ့ကိုတိတ်တဆိတ်စုံစမ်းဖို့စေလွှတ်ခံခဲ့ရပါတယ်ဒါပေမယ့်ကံဆိုးစွာပဲသူ့ရဲ့စစ်ဆင်ရေးကျရှုံးသွားခဲ့ပြီးသူချစ်တဲ့လူကောတခြားလူတွေရောအသတ်ခံလိုက်ရတဲ့အခါမှာတသက်လုံးသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပဲနေထိုင်လာခဲ့ရင်း....သူလက်စားပြန်ချေချင်တဲ့လူပြန်ပေါ်လာတဲ့အချိန်လက်စားချေဖို့ဘယ်လိုတွေကြိုးစားမလဲ...တဖက်မှာလည်း သူ့ရဲ့သမီးနဲ့ပြေလည်အောင်ညှိနှိုင်းပြီးပြဿနာတွေရှင်းရ....သမီးကိုချစ်တဲ့စိတ်,စိုးရိမ်စိတ်တွေနဲ့တဖက်မှာလည်းလက်စားချေလိုစိတ်တွေကိုမင်းသမီးကြီးကဘယ်လိုတွေသရုပ်ဆောင်ပြီးဇာတ်ကိုဆွဲခေါ်သွားမလဲဆိုတာတွေကိုဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ် File Size : (1 GB) & ( 410 MB)Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

Destroyer (2018)

2018
Halloween (2018) 7.2
Halloween (2018)   လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့ Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး လူသတ်သမား Michael လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီသူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ နှစ် ၄၀ ကြာမြင့်ခဲ့ပြီ ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့ Michael Myers တစ်ယောက်ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး ဒါပေမယ့် အသေချာပြောနိုင်တာက Friday the 13th ကားထဲက Jason Vorhees နဲ့ အတော်လေးဆင်ပါတယ် မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့ slasher film လို့ပြောထားတဲ့အတိုင်းပဲ အသတ်အဖြတ်အကြမ်းအရမ်းတွေ ဘုံးဘောလအော ထည့်ပေးထားပါတယ် ကိုယ်တိုင်က Friday the 13th တို့ Black Sails တို့ Spartacusတို့လို အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3 ဒီ ...
movie

Halloween (2018)

2018
Bad Milo (2013) 5.7
Bad Milo (2013)   Bad Milo ဇာတ်ကားလေးကတော့ Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။> IMDb Rating 5.7/10ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့် Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။ ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့ polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ တွေ့ခဲ့ရပါတယ်။ ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့သတ္တဝါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။ အဲ့သတ္တဝါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။ အဲ့သတ္တဝါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင် IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(800 MB) and (350 MB) Quality…BR-Rip 720p IMDb Rating... 5.7/10 Format…mp4 Duration….01:24:09 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie

Bad Milo (2013)

2013
Havenhurst (2016) 4.9
Havenhurst (2016) သဲထိတ်ရင်ဖိုကားလေးတစ်ကားကို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Heavenhurst (2016)ပါ။Heavenhurst ဆိုတဲ့ နေရာကိုပြောင်းရွေ့လာခဲ့တဲ့ အရက်စွဲနေတဲ့အမျိုးသမီးလေး Jackie...အဲ့ဒီတိုက်ခန်းမှာပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ ့သူငယ်ချင်းနှစ်ယောက်...ထူးဆန်းစွာနားလည်ရခက်တဲ့ အိမ်ရှင်အဖွားကြီး...အဲ့ဒီအိမ်ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အရမ်းထူးဆန်းတာတွေနဲ့တွေ့ကြုံလာရပြီး အိမ်ကြီးကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ သူမလွတ်မြောက်နိုင်ပါ့မလား။ပျောက်ဆုံးသွားတဲ့လူတွေအကြောင်းကိုရောသူမ အချိန်မှီသိရှိနိုင်ပါ့မလား။ဒီလိုသဲထိတ်ရင်ဖိုကားတွေကိုမှ နှစ်သက်တဲ့ CMပရိသတ်ကြီး ရင်တစ်ဖိုဖိုခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။(ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : (680 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 20min Format : Mp4 Genre : Horror, Thriller,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GUACAMOLE Translated by May Myat Thu Encoded by Thanhtike Zaw
movie

Havenhurst (2016)

2016