Channel Myanmar

Tom Savini

Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

From Dusk Till Dawn (1996) 7.3
From Dusk Till Dawn (1996)   ၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie

From Dusk Till Dawn (1996)

1996