Channel Myanmar

Tom Tarantini

Peaceful Warrior(2006) 7.3
Peaceful Warrior(2006) Peaceful Warrior(2006) IMdB 7.3 နေ့စဉ်ရုန်းကန်နေရတဲ့ ကျွန်တော်တို့ အဖို့ ဒီလောကကြီးထဲမှာ အကြိမ်ပေါင်းများစွာ လဲပြိုကျဖူးတယ်... အဖတ်ဆည်မရအောင်ယိုယွင်းနေတဲ့ စိတ်ဓာတွေနဲ့ အတူ အရာအားလုံးဟာ အကျဉ်းတန်ပြီး ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့သလိုတောင်ဖြစ်ဖူးတဲ့သူတွေအများကြီးပါ.... ကျွန်တော်တို့အားလုံး လဲပြိုခဲ့ဖူးကြတယ်..အကြိမ်အရေအတွက် အနည်းနဲ့အများပဲကွာတယ်... ဒီနေရာမှာ မေးစရာရှိတာက ခင်ဗျားတို့ ကျွန်တော်တို့ ရည်မှန်းချက်ကိုတည့်မတ်စွာပြန်လည်ရရှိဖို့ အကြိမ်ရေဘယ်လောက်များကြိုးစားခဲ့ဖူးကြသလဲ.....  Dan Millman ဟာဆိုရင် talent ရှိတဲ့ ကျွမ်းဘားအားကစားသမားတစ်ယောက်ဖြစ်ပြီး အုံလံပစ်ပြိုင်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ စိတ်ဓာတ်ပျင်းထန်တဲ့ လူငယ်လေးတစ်ယောက်ပေါ့... တစ်ခြားသူတွေထက်ကြိုးစားသလို  ပါရမီလည်းပါလေတော့ သူ့အတွက် အိုလံပစ်နဲ့ ဆုတံဆိပ်တွေဟာ လက်တစ်ကမ်းအလိုမှာရှိနေတယ်... သို့ပေမယ့် သူကံမကောင်းခဲ့ဘူး.....သူဟာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သူ့ခြေထောက်တစ်ဖက်စတီးချောင်းထည့်လိုက်ရတဲ့အထိဖြစ်သွားတယ်..... ဆရာဝန်တွေကော နည်းပြကပါ ဘယ်တော့မှအားကစားပြန်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်လျှော့ခံလိုက်ရတဲ့ Danဟာ အပေါ်က ကျွန်တော်ပြောခဲ့သလိုပဲ အသက်ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်မဲ့တဲ့ဘ၀ရာက်သွားတယ်... သို့ပေမယ်.... သူဟာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့.... ဒီကားက ရည်ရွယ်ချက်အရမ်းကောင်းသလို အသက်အပိုင်းအခြားမရွေး ကြည့်သင့်တဲ့စွန်ဓာတ်ခွန်အားပေး ဇာတ်ကားတစ်ကားပါ... ဒီကားထဲက စိတ်ဓာကျနေတဲ့သူတစ်ယောက်နဲ့ အားပေးဖော်တွေ ပန်ဝန်းကျင်က အသံတွေကို အားလုံးကိုကြည့်ပြီး ခင်ဗျားလည်း တစ်ခုခုရနိုင်ကောင်းပါရဲ့.... ကိုင်း ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်... File Size : (980 MB) ...
movie

Peaceful Warrior(2006)

2006