Channel Myanmar

Tom Wilkinson

The Choice(2016) 6.6
The Choice(2016) The Choice(2016) IMDb....6.6 တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘ၀က ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘ၀ကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။) File size...(800MB)  and (470 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
6.6
IMDB: 6.6/10 26,712 votes
movie

The Choice(2016)

2016
Rush Hour (1998) 7.0
Rush Hour (1998) ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား :D 1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်.. ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်.. နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ.. မေ့နေမှာဆိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်.... အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.. သူဟာ တရုတ် ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်.. တစ်နေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်. ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.. တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့... တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.. ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်.. ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်.. အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေပဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.. တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်.. ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင် နိုင်လှ တဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ.. ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ.. ဟာသတွေဖြစ်မလဲဆိုတာ ...
7.0
IMDB: 7.0/10 208,562 votes
movie

Rush Hour (1998)

1998
Blu-Ray 720p
The Catcher Was a Spy 5.9
The Catcher Was a Spy ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
5.9
IMDB: 5.9/10 606 votes
movie

The Catcher Was a Spy

2018
Web-DL 1080P
The Titan (2018) 7.1
The Titan (2018) ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့.... လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။ အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။ ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။ အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။ အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။ အဲဒီ Titan ဂြိုဟ်က စင်္ကြဝဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။ လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။ ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။ ကျန်တဲ့ ၈၀% လောက်က နိုင်ထရိုဂျင်တွေပေါ့။ ရေဆိုရင်လည်း မီသိန်းအရည်တွေနဲ့ ပျော်ဝင်နေတာမို့လို့ ...
7.1
IMDB: 7.1/10 2,653 votes
movie

The Titan (2018)

2018
Eternal Sunshine of the Spotless Mind(2004) 8.3
Eternal Sunshine of the Spotless Mind(2004) Eternal Sunshine of The Spotless Mind IMDb...8.3,,,,Rotten...93 ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့...တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ် မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်....ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့ ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်.....ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်... သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ် ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် ...
8.3
IMDB: 8.3/10 742,597 votes
movie

Eternal Sunshine of the Spotless Mind(2004)

2004
Good People (2014) 5.5
Good People (2014)   မစ္စတာ တွမ် နှင့် မစ္စစ် တွမ် အဖွားဆုံးလို့ မိသားစုအမွေရပြီး ချီကာဂိုကနေ လန်ဒန်ကိုပြောင်းလာတယ် ။ နယ်မြေသစ်မှာ သူစိမ်းတွေဆိုတော့ အလုပ်အကိုင် မယ်မယ်ရရ မရှိဘူး ။ တွမ်က အိမ်ဆေးသုတ်ပြီး လက်သမားအလုပ် လိုက်လုပ်ပေမယ့် အိမ်ငှားခတောင် မပေးနိုင်တော့ဘူး ။ ဝင်ငွေ မလောက်ငှလို့ အစားကောင်း မစားနိုင်တဲ့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါ ဆူရှီပဲ လုပ်စားနေရတယ် ။ အိမ်ခန်းပိုင်ရှင်က အခန်းကနေ ထွက်ပေးဖို့ သတိပေးစာတွေပို့နေတယ် ။ တစ်နေ့  သူတို့အောက်ထပ် မြေအောက်ခန်းမှာ ငှားနေတဲ့ လူက တီဗွီ အသံအကျယ်ကြီးဖွင့်လို့ တွမ်က ဆင်းပြောတဲ့ အခါ အဲဒိလူ သေဆုံးပြီး ပုတ်ပွနေတာကို တွေ့ရတယ် ။ ရဲကိုအကြောင်းကြားပြီး အလောင်းကို အပ်လိုက်ပေမယ့် သူ့အခန်းထဲက ပေါင်ငွေ ၂ သိန်းကျော်ပါတဲ့ အိတ်ကို တွမ်တို့ လင်မယားက ဝှက်ထားလိုက်တယ် ။ သေသွားတဲ့  မြေအောက်ခန်းက လူက ...
5.5
IMDB: 5.5/10 12,817 votes
movie

Good People (2014)

2014
Valkyrie ( 2008) 7.1
Valkyrie ( 2008)   CM ပရိတ်သတ်ကြီးရေ.... "သူတော်ကောင်း နတ်ကောင်းမ" ဆိုတဲ့ စကားပုံကို ယုံကြည်ကြပါသလား....ဒီစကားပုံကို အပြည့် အဝမမှန်ကြောင်း သက်သေပြနိုင်တဲ့ Valkyrie ဆိုတဲ့ ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု အကြောင်း ကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအကျဉ်း ........................... ကာနယ် Claus von Stauffenberg (Tom Cruise) ဟာ ဂျာမဏီအတွက် သစ္စာစောင့်သိပြီး သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေတဲ့၊ ဟစ်တလာကိုယ်တိုင်က ချီးကျူးဂုဏ်ပြုရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကြောင့် တစ်နေ့မှာ သူချစ်တဲ့ ဂျာမဏီနိုင်ငံကြီးပျက်သုဉ်းသွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ စိုးရိမ်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲ သူဟာ သူနဲ့ စိတ်သဘောထားတူညီပြီး ဟစ်တလာရဲ့ နာဇီအစိုးရကို ဖြုတ်ချချင်နေတဲ့ ဂျာမဏီရဲ့ ထိပ်တန်းအရာရှိတစ်စုနဲ့ ပူးပေါင်းကာ ဟစ်တလာကို လုပ်ကြံဖို့ကြိုးပမ်းပါတော့တယ်။ဒီအကြံအစည်ကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ကာနယ် Claus von Stauffenberg ...
7.1
IMDB: 7.1/10 184,503 votes
movie

Valkyrie ( 2008)

2008

Genres