Channel Myanmar

Tony Curran

The Veteran (2011) 5.8
The Veteran (2011)  ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာလန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာနေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာကသူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကိုသူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက်တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှားနေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်.ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။  File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

The Veteran (2011)

Beowulf & Grendel (2005) 5.8
Beowulf & Grendel (2005) Beowulf & Grendel (2005)ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.2GB, 910MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - ...
movie

Beowulf & Grendel (2005)

2005
Two Deaths of Henry Baker (2020) 5.5
Two Deaths of Henry Baker (2020) Two Deaths of Henry Baker ( 2020 ) ---------------------------------------------- ဟင်နရီဘိတ်ကာလို့ခေါ်တဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ရှိတယ်။ နာမည်ကြီးသလို ရန်သူလည်းများသလို သူ့ပိုင်ဆိုင်မှုတွေနောက် လိုက်နေတဲ့လူတွေလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်လို့ခေါ်တဲ့ သူနဲ့ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ ညီတစ်ယောက်ရှိတယ်။ ဒီတော့ သူ့ရန်သူတွေဟာ သူ့ညီနဲ့သူ့ကို မှားကြတာပေါ့။ သူတို့နှစ်ယောက်ကြား ရှင်းမရတဲ့ ကိစ္စတစ်ခုဖြစ်လာသလို တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ဖြတ်ဖို့အထိပါ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်က သေပြီး တစ်ယောက်က‌ ထောင်ကျသွားခဲ့တယ်။ဒီလိုနဲ့ နှစ်အတော်ကြာပြီး သူတို့သားတွေ အရွယ်ရောက်လာခဲ့တယ်။ အဲဒီအချိန် ထောင်ကျနေတဲ့တစ်ယောက်ကလည်း လွတ်လာခဲ့ပြီ။ သူတို့ကြားက ဇာတ်ရှုပ်ဟာ သူတို့သားတွေလက်ထပ်မှာ ဘာဆက်ဖြစ်ဦးမလဲဇ ကြည့်ရမှာပါ။ ဒီရုပ်ရှင်ဟာ ရှိတ်စပီးယားရဲ့ ဗင်းနစ်မြို့ကကုန်သည်ကိုမသိမသာ အငွေ့ထည့်ထားပြီး ရှိတ်စပီးယားစာသားနဲ့အဆုံးသတ်ထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အမျိုးအစားက သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်သလို Plot Twistတွေလည်း ပါတာမို့ စိတ်ဝင်စားစရာအတန်အသင့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ ...
movie

Two Deaths of Henry Baker (2020)

Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018
Calibre (2018) 6.7
Calibre (2018) Netflix ရဲ့ နောက် Movie တစ်ခုကို ထပ်မံ တင်ဆက်ပေးလိုက်ပါပြီ Netflix ရဲ့ ထုံးစံအတိုင်း တွေးစရာတွေ အများကြီးပေးပြီး ပေါ့ပေါ့ပါးပါး ဇတ်လမ်းလေးကိုပဲ စိတ်ဝင်စားစရာတွေ တစ်ပုံကြီး နဲ့ စွဲဆောင်ထားပြန်ပါတယ်.... ဇတ်လမ်းပုံစံကတော့ ဘော်ဒါဆောင်နေကတည်းက လက်တွဲလာခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်ဟာ အမဲပစ်ရာသီမှာ အပျော်တမ်း အမဲပစ်ဖို့ ကားတစ်စီး နဲ့ သေနတ်တွေ သယ်ပြီး ခရီးထွက်လာခဲ့ပါတယ်... သူတို့ရောက်တဲ့ မြို့မှာတော့ စရိုက်ကြမ်းတယ်လို့ ပြောလို့ရတဲ့ လူတွေ နေပြီး ဥပဒေစိုးမိုးမှု သိပ်မရှိလှပါဘူး ဒါကြောင့် စည်းကမ်း တစ်ချို့ကို လိုက်နာရပြီး နယ်မြို့လေး ရဲ့ ပြသနာရှိမယ့် လူတစ်ချို့ ကို ရှောင်ပြီး အမဲလိုက်ရမယ့်အကြောင်း သူတို့ကို သတိပေးထားပြီး ဖြစ်ပါတယ်.... မားကပ်စ် က သူဌေးသား တစ်ယောက်ဖြစ်ပြီး ဗွမ် ကို အမြဲတမ်းလိုလို ကာကွယ်ပေးတက်သူပါ သူအချစ်ဆုံး သူငယ်ချင်းအတွက် ဘာပဲ လုပ်ရ လုပ်ရ လုပ်ပေးမယ့် သူ တစ်ယောက်ပေါ့... သူငယ်ချင်း ၂ ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ချစ်ပြီး အသတ်ပေးဖို့ လဲ ဝန်မလေးကြပါဘူး... ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် သေနတ်တွေ သယ်ပြီး သူတို့ ကားလေးနဲ့ တောအုပ်ထဲ ဝင်ခဲ့တယ် တောစပ် တစ်နေရာမှာတော့ သားကောင် ...
movie

Calibre (2018)

2018