Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vanessa Redgrave
7.1
Mission: Impossible (1996)
Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie
Mission: Impossible (1996)
1996
4K HEVC
7.3
Girl, Interrupted (1999)
Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie
Girl, Interrupted (1999)
1999
6.8
Mrs Lowry & Son(2019)
Mrs Lowry & Son(2019)IMDb...6.8(unicode)ဒီကားလေးတော့ ၁၉၀၀ခုနှစ်များနောက်ပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့Englishပန်းချီဆရာ L.S.Lowry ရဲ့ဘဝဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်... ဇာတ်အိမ်တည်ဆောက်ထားပုံကရိုးရှင်းပြီး ပါဝင်တဲ့သရုပ်ဆောင်တွေက ကျရာနေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဥ်းပြောရရင်တော့ အသက်သာကြီးနေပေမယ့်ဘာမှပေါက်ပေါက်မြောက်မြောက်မရှိတဲ့ပန်းချီဆရာလော်ရီဟာ သူတစ်ပါးချေးထားတဲ့အကြွေးတွေကိုလိုက်တောင်းပေးရတဲ့သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင်း အသက်ရွယ်အိုမင်းပြီးလမ်းမလျှောက်နိုင်တော့တဲ့အမေအိုကြီးကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ... သူ့အမေကတော့ လော်ရီရဲ့ပန်းချီပညာပေါ်ထားတဲ့ခံယူချက်တွေရူးသွပ်မှုတွေကို တားမြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်သာလုပ်စေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ယောက်ပေါ့... ဒီလိုနဲ့ပဲလော်ရီတစ်ယောက်သူဖြစ်ချင်တာနဲ့မိခင်စိတ်ဆန္ဒတို့အကြား ဗျာများနေရပါတော့တယ် ဒီကားလေးမှာထူးခြားတာကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်မှာအင်္ဂလန်နိုင်ငံရဲ့ လူတန်းစားကွဲပြားပုံတွေ စက်မှုဖွင့်ဖြိုးတိုးတက်တဲ့နောက်ကွယ်ကဘဝတွေကို အသေးစိတ်မဟုတ်တောင်မြင်သာအောင်ရိုက်ပြထားတာကိုတွေ့ရမှာပါ ပန်းချီဆရာတစ်ယောက်ရဲ့အတွေးအမြင်စိတ်နေစိတ်ထားတွေကိုတော့ ရိုးရိုးရှင်းရှင်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါတယ်... IMDb...6.8 ရရှိထားလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ထင်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...(zawgyi)ဒီကားလေးတော့ ၁၉၀၀ခုနှစ်များနောက်ပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့Englishပန်းချီဆရာ L.S.Lowry ရဲ့ဘဝဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်... ဇာတ်အိမ်တည်ဆောက်ထားပုံကရိုးရှင်းပြီး ပါဝင်တဲ့သရုပ်ဆောင်တွေက ကျရာနေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ အသက်သာကြီးနေပေမယ့်ဘာမှပေါက်ပေါက်မြောက်မြောက်မရှိတဲ့ပန်းချီဆရာလော်ရီဟာ သူတစ်ပါးချေးထားတဲ့အကြွေးတွေကိုလိုက်တောင်းပေးရတဲ့သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုရင်း အသက်ရွယ်အိုမင်းပြီးလမ်းမလျှောက်နိုင်တော့တဲ့အမေအိုကြီးကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ... သူ့အမေကတော့ လော်ရီရဲ့ပန်းချီပညာပေါ်ထားတဲ့ခံယူချက်တွေရူးသွပ်မှုတွေကို တားမြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်သာလုပ်စေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ယောက်ပေါ့... ဒီလိုနဲ့ပဲလော်ရီတစ်ယောက်သူဖြစ်ချင်တာနဲ့မိခင်စိတ်ဆန္ဒတို့အကြား ဗျာများနေရပါတော့တယ် ဒီကားလေးမှာထူးခြားတာကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်မှာအင်္ဂလန်နိုင်ငံရဲ့ လူတန်းစားကွဲပြားပုံတွေ စက်မှုဖွင့်ဖြိုးတိုးတက်တဲ့နောက်ကွယ်ကဘဝတွေကို အသေးစိတ်မဟုတ်တောင်မြင်သာအောင်ရိုက်ပြထားတာကိုတွေ့ရမှာပါ ပန်းချီဆရာတစ်ယောက်ရဲ့အတွေးအမြင်စိတ်နေစိတ်ထားတွေကိုတော့ ရိုးရိုးရှင်းရှင်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါတယ်... IMDb...6.8 ရရှိထားလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ထင်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်... File Size : (850MB) and (309 MB) Quality : WEB-DL 720p Format…mp4 Duration…01:31:00 Genre : Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Mrs Lowry & Son(2019)
6.5
Letters to Juliet (2010)
Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41% ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက် ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့... File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie
Letters to Juliet (2010)
2010
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
7.0
The Thirteenth Tale (2013)
Vida Winter ဆိုတဲ့ စာရေးဆရာမကြီးဟာသူမရဲ့ အတ္ထုပ္ပတ္တိအကြောင်းရေးဖို့ ငယ်ရွယ်တဲ့ အတ္ထုပ္ပတ္တိရေးသူ Margaret ကို ငှားရမ်းခဲ့တယ်။ သူမဖြတ်သန်းလာရတဲ့ ဘဝကို The Thirteen taleလို့ တင်စားပြီး The Thirteen Tale ဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူပေါ့။ ပုံပြင်က 13ပုဒ်ဆိုပေမယ့် တကယ်တမ်းက 12ပုဒ်ပဲရှိတယ်။သူမ ငယ်ဘဝဖြတ်သန်းလာရမှုက 13ပုဒ်မြောက် ပုံပြင်ပေါ့။ Vida ဟာ အင်တာဗျူးမှာ သူမငယ်ဘဝအကြောင်းကို ဖြေဆိုထားတာတွေက တစ်ခုနဲ့တစ်ခုက မတူဘူး။ အဲ့ဒါကြောင့်လည်း လူအများက သူ့ငယ်ဘဝဖြစ်တဲ့ 13ပုဒ်မြောက် ပုံပြင်ကို သိချင်နေကြတာပေါ့။အဖေဘယ်သူမှန်း မသိ အမေကလည်း ဂရုမစိုက်တော့ ပျက်စီးချင်တိုင်း ပျက်စီးနေကြတဲ့ သနားကြင်နာမှုကင်းမဲ့တဲ့ ငယ်ဘဝအကြောင်း 13ပုဒ်မြောက် ပုံပြင်ကို Margaret ကို ပြောပြတဲ့အချိန်မှာတော့ .............Qty - 720p BlurayDuration - 90minGerne - Drama/MysterySubtitle - Myanmar HardsubTranslator - ...
movie
2013