Channel Myanmar

Vardhan Puri

Aseq (2023) 7.4
Aseq (2023) Aseq 2023IMDb-7.5/10ဒီကားနဲ့ပဲ အကြည့်တွေကအစ မျက်နှာအမူအရာတွေအကုန် သရုပ်ဆောင်ကောင်းလွန်းလှတယ်လို့ ချီးကျူးခံထားရတဲ့ Vardhan Puri ၊မင်းသမီးချောလေး Sonnalli Seygallနဲ့ စူပါမော်ဒယ်မင်းသမီးချောလေး Elena Fernandes တို့က အဓိကဦးဆောင်ထားပြီး မင်းသားကြီး Siddharth Kapoor လည်းပါဝင်ထားပါတယ် ဒီကားမှာတော့ Vardhan နဲ့ စူပါမော်ဒယ်လေးက ဇာတ်ကိုအဓိကဆွဲခေါ်သွားမှာပါဇာတ်လမ်းအညွှန်းရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်းစားကပါသည်းမခံနိုင်လို့ အရင်လူနောက်ပြန်ပါသွားပါတော့တယ် သူ့မှာ တစ်နေ့တာအတွက်လိုက်အကူအညီတောင်း ချေးငှားနေရတာ တစ်မျိူး ၊ ရည်းစားကပစ်သွားလို့ ကြေကွဲရတာတစ်မျိူးနဲ့‌ပေါ့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ ဘဝသစ်စဖို့အတွက် အချစ်သစ်ရှာဖို့သူငယ်ချင်းတွေကမြှောက်ပေးပါတော့တယ် ဒီလိုနဲ့ ပရီယန်ကာဆိုတဲ့ သူနဲ့ဘဝတူမိန်းမချောလေးနဲ့ဆုံပြီး အဆင်ပြေတော့မဲ့အချိန်မှာပဲ သူအနီးနားဝန်းကျင်မှာ မူမမှန်တာတွေဖြစ်လာတာကို သူရော ဘေးလူတွေပါသတိထားမိလာပါတယ် ဘယ်လိုမူမမှန်တာတွေလဲ ဘာကြောင့်လဲဆိုတာ ပရိသတ်ကြီးပါအတူလိုက်ကြည့်ရင်း အဖြေရှာကြည့်ပါဦးမှောင်မှောင်မဲမဲကနေ တီးလုံးသံဆူဆူညံညံနဲ့ ထွက်လာတတ်တဲ့ သရဲကားမဟုတ်ဘဲ visual ကောင်းတဲ့ကားမို့ စူပါမော်ဒယ်လေးရဲ့ အလှကိုပါခံစားနိုင်မှာပါ အလှလေးတစ်ဖြတ် သည်းထိတ်ရင်ဖိုလေးတစ်ကွက်နဲ့ကြည့်ရှူရမှာဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်တွေကတော့ BpL ...
movie

Aseq (2023)

2023
Yeh Saali Aashiqui(2019) 7.9
Yeh Saali Aashiqui(2019) Yeh Saali Aashiqui(2019)ဒီဇာတ်ကားလေးကတော့ Drama /Thrillerဇာတ်ကားအမျိုးအစားဖြစ်ပြီးIMDB rating 7.9အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ရှာဟိလ်မဟ်ရာတဲ့ကောင်လေးဟာ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ခပ်ရိုးရိုးကောင်လေးပေါ့.....ဒီလို လူချမ်းသာနဲ့မှ ချစ်သူဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ဟာသူ့ကိုချဉ်းကပ်ပါတော့တယ်....ချစ်သူတွေဖြစ်ပြီးတဲ့အချိန် စရိုက်ဆန်းဆန်းကောင်မလေးရဲ့ အကျင့်တွေဟာရှာဟိလ်မဟ်ရာကို ကူးစက်လာလို့ သူ့ဟာ နဂိိုပုံစံပျောက်တယ်လို့တောင်ဆိုရမှာပါ...ရှာဟိလ်မဟ်ရာဟာ ချစ်သူကောင်မလေးရလို့ ပျော်ရွှင်ရမယ် မကြံရသေးဘူး...ဒီကောင်မလေးရဲ့အရင်အရှုတ်တော်ပုံကြီးထဲကို အလိုလိုရောက်သွားပါတယ်....ဒီအမှုက ကြီးလွန်းလို့ သူ့အတွက်တကယ့်ကိုဘေးကြတ်နံကြတ်ပါပဲ....ဒီအမှုကြီးက ဘာဖြစ်မလဲ....သူပါ အလိုလိုဝင်ပါရအောင် ဘာတွေများဖြစ်လို့လဲ....ဒီပြဿနာတောထဲက သူရုန်းထွက်နိုင်ပါ့မလား...ချစ်သူတွေအဖြစ် ဆက်လက်ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်ကြပါဦး....India ကားကောင်းကြိုက်သူတို့အဖို့လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (1.16 GB) and (436MB) Quality : WEB-DL 720p Format…mp4 Duration…02:17:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Yeh Saali Aashiqui(2019)

Yeh Saali Aashiqui (2019) 8.2
Yeh Saali Aashiqui (2019) နိုင်ငံတကာအဆင့်သတ်မှတ်ချက်များIMDb 8.3/10, The Economic Times 3.5/5, BollywoodMDB 5/5ဆာဟေးလ်ဆိုတဲ့ကောင်လေးနဲ့ မီတီးဆိုတဲ့ကောင်မလေး ဟိုတည်စီမံခန့်ခွဲရေးသင်းတန်းကျောင်းမှာ တွေ့ဆုံခဲ့ကြတယ်နှစ်ယောက်သား Love at first sight ဆိုသလို မြင်မြင်ချင်း သဘောကျခဲ့ကြတယ်အဲ့ဒိလိုနဲ့ သိပ်ကြည်နူးစရာကောင်းတဲ့အချစ်ကမ္ဘာလေးကို အချစ်ဌက်နှစ်ကောင် ပျံသန်းနေတယ်လို့ဆိုရအောင်သူတို့သံယောဇဉ်ဟာ သိပ်ကိုအဆင်ပြေချောမွေ့လို့နေပါတယ်ဒါပေမဲ့လည်း အိပ်မက်ကမ္ဘာထဲကလိုလှပနေတဲ့ သူတို့အချစ်ရေးဟာမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အိပ်မက်ဆိုးအသွင်ပြောင်းသွားခဲ့ပါတယ်အဲ့ဒိအဖြစ်ကတော့ ဆာဟေးလ်က သူ့သိပ်ချစ်တဲ့ မီတီးကိုအတင်းအဓမ္မပြုကျင့်ဖို့ကြံခဲ့ပါတယ်ဆိုပြီး အဖမ်းခံလိုက်ရပါတယ်ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ သူတို့နှစ်ယောက်ကြားမှာဘာအလှည့်အပြောင်းတွေရှိနေမလဲဘာပြဿနာတွေ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု့လိုက်ပါဦးဇာတ်လမ်းကလှည့်ကွက်အပြည့်နဲ့မို့လို့ သိပ်အများကြီးမပြောချင်တော့ပါဘူးဟိုးအပေါ်က နိုင်ငံတကာအဆင့်သတ်မှတ်ချက်တွေဟာ ဒီဇာတ်ကား ကောင်းမကောင်းဆိုတာ သက်သေပါပဲသရုပ်ဆောင်အသစ်တွေဆိုပေမယ့် လက်ရှိနာမည်ရနေတဲ့ ငပေါတချို့ထက် သရုပ်ဆောင်ပိုကောင်းကြောင့် တွေ့ရပါလိမ့်မယ်ဗျာအဓိကဇာတ်လိုက်မင်းသားက တခြားလူမဟုတ်ပါဘူး နာမည်ကျော်သရုပ်ဆောင်ကြီး Amrish Puri ၏မြေး Vardhan Puri ပဲဖြစ်ပါတယ်ဒီဇာတ်ကားကြည့်လိုက်ပါ "ခင်ဗျား အချစ်ဆိုတာကို မုန်းသွားပါလိမ့်မယ် "(အားလုံးပဲ ဇာတ်ကားတွေကြည့်ကာ ...
movie

Yeh Saali Aashiqui (2019)

2019