Channel Myanmar
Vinnie Jones
Swordfish (2001) 6.5
Swordfish (2001) Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် "  ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
The Condemned (2007) 6.0
The Condemned (2007) The Condemned (2007)====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...  File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ ...
movie
The Condemned (2007)
[18+] Euro Trip (2004) 6.6
[18+] Euro Trip (2004)  IMDb Rating (6.6) ရရှိတဲ့အထိ အားပေးမှုရရှိထားတဲ့ လူငယ်ဟာသဇာတ်ကားလေးပါ။..Comedy ဇာတ်ကားတွေက Rating မြင့်ရရှိဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ လူကြိုက်များခဲ့ပါတယ်..တကယ်လည်း ရယ်ရတဲ့ဇာတ်ကားဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလိုစိတ်နဲ့ ရိုးသားပွင့်လင်းမှုတွေကို ဝေဝေဆာဆာနှစ်ခြိုက်ရမှာပါ။သရုပ်ဆောင်တွေပီပြင်ကြတာမို့ လူငယ်ဘဝကိုတောင် ပြန်အမှတ်ရသွားနိုင်ပါတယ်။သင့်ရဲ့စိတ်ညစ်ညူးပျင်းရိနေတဲ့အချိန်တွေကို ကုစားဖို့ ဒီလို အချစ်ဟာသဇာတ်ကားလေးတွေက ကူညီနိုင်တာမို့လုံးဝကြည့်သင့်ပါတယ်။(Unrated Version နဲ့ တင်ဆက်ထားတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။)မိုးစက်-ရမ်းသမ်းဘာသာပြန်မှ တင်ဆက်ထားတာပါ။  File size…(2 GB) and (1 GB) Quality….Unrated Web-DL Rip 1080p and 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by မိုးစက်
movie
[18+] Euro Trip (2004)
1080p Untouched
The Gandhi Murder (2019) 5.4
The Gandhi Murder (2019) The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့  မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့်  သူတို့ရဲ့ ...
movie
The Gandhi Murder (2019)
2019
Snatch(2000) 8.3
Snatch(2000) Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre :  Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Snatch(2000)
2000
Gridlocked(2015) 5.9
Gridlocked(2015) Gridlocked (2015 ) ဇာတ်လမ်းဟာဆိုရင်5.9/10 rating သာရှိပေမယ့်ကြည့်ကောင်းတဲ့ အက်ရှင်အမျိုးအစားထဲမှာပါပါတယ်... ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသား ဘရောက်ဒီဝေါ်ကာဟာတခြားသရုပ်ဆောင်တွေနဲ့ တော်တော်ကွဲပြားနေတဲ့ စရိုက်ပေါင်းများစွာရှိပါတယ်.. အထူးသဖြင့် မောက်မာပြီး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့စရိုက်ပေါ့ဒီလိုစရိုက်မျိုးရှိတဲ့မင်းသားအဖို့  အမှုတွေခဏ ခဏရင်ဆိုင်ရ ဒဏ်တွေခဏ ခဏ ပေးခံရတယ်...ဒီလိုခပ်ဆိုးဆိုးသရုပ်ဆောင်မင်းသားတစ်ယောက်ကို စောင့်ကြည့်ဖို့အတွက ်အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်လက်ထဲအပ်ခဲ့ပါတယ်.... ရဲလက်အပ်ပြီး စောင့်ကြည့်ဖို့ကို သဘောတူခဲ့တဲ့မင်းသားဟာ ရဲလေ့ကျင့်ရေးသင်တန်းကို သွားခဲ့ပါတယ်...သူတို့ရောက်သွားတဲ့အချိန်မှာ သွေးပျက်လောက်စရာဖြစ်ရပ်နဲ့ကြုံလိုက်ရတယ်..အဲ့ဒါက လေ့ကျင့်ရေးကျောင်းကြီးကို အကြမ်းဖက်တိုက်ခိုက်တာပါပဲ...အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်တစ်ယောက် အကြမ်းဖက်အဖွဲ့ကိုဘယ်လိုဦးဆောင်ရင်ဆိုင်မလဲ..ရဲသင်တန်းကျောင်းကိုမှ ဘာဖြစ်လို့လာတိုက်ခိုက်တာလဲ.....အမိုက်စားဖိုက်တင်ခန်းတွေ၊ဖောက်ခွဲမှုတွေ၊ဇာတ်အိမ်ကောင်းကောငး်လေးမှကြည့်ချင်တဲ့သူတွေအတွက်ကြည့်သင့်ပါတယ်လိုပြောပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Band of brothers စီးရီးမှာ ဘာသာပြန်ရင်းနာမည်ရခဲ့သူ ကိုမြန်မာကြီး(ခေါ်) ကိုအောင်အောင်ဦးပဲဖြစ်ပါတယ်....File Size : (8000 MB) and (313 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Aung Oo Encoded by Phyo Pyae
movie
Gridlocked(2015)
2015
Company of Heroes (2013) 5.1
movie
Company of Heroes (2013)
2013