Channel Myanmar

Vishakha Singh

Ankur Arora Murder Case (2013) 6.5
Ankur Arora Murder Case (2013) (Unicode)(Alert !!!!! Medical Negligence )အသက်မွေးကျောင်း ဆိုင်ရာ ပညာရပ်တစ်ခုကို ရိုက်ကူးရာ၌ အိန္ဒိယရုပ်ရှင်လောကသည် လွန်စွာပါးနပ်ကျွမ်းကျင်လှသည်။ပေးချင်သည့် စိတ်ကူးရသတို့အား ထိမိချိတ်ဆက်ပုံကလည်း ရှင်းလင်းပေါ်လွင်လှသည်။ဤ ဇာတ်ကား မှာလည်း "ဆရာဝန်" ဟူသော အလုပ်အကိုင် တစ်ရပ်အား ဖော်ပြထားသည်။သို့သော် ဤဇာတ်ကား၏ ထူးခြားချက်မှာ "ဆရာဝန် "ဟူသော အသုံးအနှုန်းအား ပြန်လည် သုံးသပ်ဆင်ခြင်မိစေသည်။ဆရာဝန်အလုပ် ဟူသည် အသက်မွေးကျောင်း ပညာတစ်ရပ်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးမကောင်းပါက ဆေးပညာလောကတစ်ခုလုံးအား ကိုယ်စားမပြုနိုင်။ဤကဲ့သို့ပင်။ လူနာအပေါ် စေတနာ ထားသော ဆရာဝန်သည်လည်း ဆေးလောကကို ကိုယ်စားပြုသည် မဟုတ်လှပါ။အဘယ်ကြောင့် ဆိုသော် ဆေးပညာနယ်ပယ်အရ စိတ်ဓာတ် နည်းနာများ ကောင်းမွန်စေရန် သင်ကြားပေးခဲ့သော်လည်း လိုက်နာအပ်သော စိတ်သဘောထား ကွာဟ မှုတို့ကြောင့် ဖြစ်ပေသည်။ဤဇာတ်ကားတွင်လည်း ထိုသို့သော သဘောတရားအခြေခံအား အခြေပြုထားသည်။ ကောင်းမွန်သော ဆရာဝန်ရှိသကဲ့သို့ ကိုယ်ကျိုးဆန်သော ဆရာဝန်လည်း ရှိခဲ့သည်။ဆရာဝန်တိုင်း ကောင်းသည်မဟုတ်။ ...
movie

Ankur Arora Murder Case (2013)

2013
Fukrey Returns (2017) 6.9
Fukrey Returns (2017) ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw
movie

Fukrey Returns (2017)

2017