Channel Myanmar

Whoopi Goldberg

The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie

The Color Purple (2023)

2023
4K HEVC
Girl, Interrupted (1999) 7.3
Girl, Interrupted (1999) Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie

Girl, Interrupted (1999)

1999
The Lion King (1994) 8.5
The Lion King (1994) The Lion King (1994) ==================  IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : ...
movie

The Lion King (1994)

Luck (2022) 6.3
Luck (2022) Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie

Luck (2022)

2022
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998
The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

Ghost ( 1990 ) 7.0
Ghost ( 1990 ) ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အော်စကာ ဆုလည်း ၂ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်ကားလေးပါပဲဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီးမင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Mooreတို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန်သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်...2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့Patrick Swayze ရဲ့ အလွမ်းပြေကြည့်ရမယ့်ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့ ...အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့ဇနီးမောင်နှံနှစ်ယောက်မှာသူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်..နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာလေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်..အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..အဲ့ဒီ့နောက်မှာတော့ဆမ် က သူ့ဇနီးမော်လီ အနားမှာနေချင်တဲ့စိတ်တွေကြောင့်ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်ဝိညာဉ်ဘဝမှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူသူ့ဇနီးမော်လီကိုလည်းဆက်စောင့်ရှောက်နေရင်းကသူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်.သူသေရတဲ့အကြောင်းအရင်းနောက်မှာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတာကိုသိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲသူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာဆက်လက်စောင့်ကြည့်ပါ....ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်Review & Encoder : LK--------------------------------------------------------------------------ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ...
movie

Ghost ( 1990 )

1990