Channel Myanmar

Xiong Xin-Xin

The Whirlwind of Sword and Fairy ( 2022 ) 6
The Whirlwind of Sword and Fairy ( 2022 ) "မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေ နဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေ နဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ်အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ် နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ် နတ်ဆိုးတွေကိုသတ်ပြီး လောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းက ထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ်ကဲ...ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရော အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကို ဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Fantasy Runtime : 1h 22 min Subtitle : Myanmar ...
movie

The Whirlwind of Sword and Fairy ( 2022 )

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History , War Runtime : 1h 21min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Chu Chu , Nu Mon Encoded by LK
movie

The Hero Named Koxinga ( 2022 )

Shaolin (2011) 6.9
Shaolin (2011)   IMDb (6.9) / Rotten Tomatoes (74%)(Unicode) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
movie

Shaolin (2011)

2011