Channel Myanmar

Yoon Song-ah

The Dude in Me ( 2019 ) 6.8
The Dude in Me ( 2019 ) ဂိုဏ်စတားသဌေးကြီးနဲ့ ဝလွန်းလို့အနိုင်ကျင့်ခံနေရတဲ့ ဝဝတုတ်တုတ်ကောင်လေးတို့မတော်တဆ accident တစ်ခုကြောင့်ကိုယ်ပြောင်းသွားတဲ့ကားလေးပါ တော်တော်ရီရတယ်....ဇတ်လမ်းအကျဉ်း..ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့အသေခွီရမယ့် ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းပြောရရင် ရန်သူတွေများတဲ့အသက်လေးဆယ်အရွယ်ဂိုဏ်းစတားသူဋ္ဌေးကြီးတစ်ယောက်ဟာတစ်နေ့တော့ လမ်းမှာဖုန်းပြောနေရင်းသူ့ပေါ်ကိုခေါင်မိုးပေါ်ကနေလူတစ်ယောက်ပြုတ်ကျလာခဲ့ပါတယ်။ပြုတ်ကျလာတဲ့သူကကင်(မ်)ဒုံယောင်းလို့ခေါ်တဲ့ဝဝတုတ်တုတ်အထက်တန်းကျောင်းသားလေးပါသူတို့နှစ်ယောက်လုံးသတိလစ်ပြီးဆေးရုံရောက်သွားခဲ့ပါတယ်။သဋ္ဌေးကြီး သတိပြန်ရလာတဲ့အခါမှာတော့အရမ်းထူးဆန်းတာ တစ်ခုဖြစ်သွားခဲ့ပါတယ်။သူဟာကောင်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေပါတယ်ကောင်လေးနဲ့သူနဲ့စိတ်နဲ့ခန္ဓာလွဲသွားကြတာပေါ့ဗျာ ဒီလိုနဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ထဲရောက်သွားခဲ့ရာကနေမမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ကောင်လေးအဖေဟာ သူဒုက္ခပေးဖူးလို့စီးပွားပျက်သွားတဲ့သူတစ်ယောက်ဖြစ်နေတာ သိလိုက်ရသလိုကောင်လေးကလည်းကျောင်းမှာအပယ်ခံ အနိုင်ကျင့်ခံတစ်ယောက်ဖြစ်နေပါတယ်။ဒီ့အပြင်သူလုံးဝမထင်မှတ်ထားတဲ့သူတစ်ယောက်နဲ့ပါပြန်တွေ့ခဲ့ပြီးဘယ်လိုတွေဆက်ဖြစ်ကြမယ်နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာဒီကားလေးမှာ ဆက်ကြည့်သွားကြပါ။ရယ်လည်းရယ်ရတဲ့အတွက် အချိန်ပေးရကြိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ....ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးပေးထားတာကတော့Chanyein Soe ပဲ ဖြစ်ပါတယ်။.... Translated By Channyein SoeEncoded By LK
movie

The Dude in Me ( 2019 )

2019