Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yoshiyuki Morishita
5.9
The Grudge (2004)
The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie
The Grudge (2004)
2004
6.0
Inumo Kuwanedo Charlie Wa Warau (2022)
Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie
Inumo Kuwanedo Charlie Wa Warau (2022)
2022
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
7.6
The Taste of Tea (2004)
Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
The Taste of Tea (2004)
6.7
Ju-on: The Grudge (2002)
Ju-On: The Grudge (2002)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ ...
movie
Ju-on: The Grudge (2002)