Channel Myanmar

Yu Rongguang

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )

Ice Sniper 2 ( 2023 ) 6.2
Ice Sniper 2 ( 2023 ) ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ice Sniper 2 ( 2023 )

Sniper Vengeance ( 2023 ) 6.1
Sniper Vengeance ( 2023 ) ကြီးမားလှတဲ့ စစ်ဆင်ရေး တာဝန်တစ်ခုမှာ သေဘေးကနေ လက်မတင်လေးတင် လွတ်မြောက်လာခဲ့ပြီး သူယုံကြည်ရဆုံး ရဲဘော် ရဲဘက်တွေကို ဆုံးရှုံးလိုက်ရသူ လက်ဖြောင့်စနိုက်ပါသမား - ကောင်းကျန်းရဲဘော်တွေ သေဆုံးခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေပေမဲ့ ကောင်းကျန်းဘဏ်အကောင့်ထဲမှာ အမေရိကန်ငွေ ၄ သိန်းရောက်ရှိနေခဲ့တာမို့ သူ့ရဲဘော်တွေကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ် ။နာကျဥ်းမှုတွေ များစွာရင်ဝယ်ပိုက်ထားတဲ့ ကောင်းကျန်းတစ်ယောက် မုန်တိုင်းအဖွဲ့ ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းကာ လက်စားချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ် ။❏ ပြန်ပေးဆွဲမှုတွေ ခဏ ခဏ ကြုံတွေ့ရတဲ့ အချိန်မှာ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူဖြစ်နေမှာလဲ? ❏ သူ့ကိုချောက်ချတဲ့ သူကတော့ အမှန်ပဲရှိနေခဲ့တာလား? ❏ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်ရော ကောင်းကျန်းတစ်ယောက် လက်စားချေနိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Review By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 24 min Subtitle : ...
movie

Sniper Vengeance ( 2023 )

[18+] Lover of the Last Empress (1995) 5.6
[18+] Lover of the Last Empress (1995) Lover of the Last Empress (1994)Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie

[18+] Lover of the Last Empress (1995)

1995
The EOD Squad ( 2022 ) 6.3
The EOD Squad ( 2022 ) အက်ရှင်ကားတွေကြိုက်တဲ့သူအဖို CM ကနေ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် EOD Squad 2022 လိုအမည်ရတဲ့ အက်ရှင်ကားလေးကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဲ့ မူးယစ်မှောင်ခိုသမားတိုကြားက အားပြိုင်မှုကို အခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင်Lu Yangနဲ့သူ့သူငယ်ချင်း Xu Ming တိုဟာ တစ်ရက်မှာတော့ နယ်စပ်မှာ မူးယစ်ရောင်းဝယ်ဖောက်ကားနေတဲ့ Kun Kang ဆိုသူကို ဖမ်းဆီးဖို အမိန့်ကျလာခဲ့ပါတယ်Kun Kang ကမူးယစ်ရောင်းဝယ်ရုံတင်မကဘဲ ပြင်းအားမြင့်ဖောက်ခွဲရေးကိရိယာကိုပါ လုပ်ပြီးတော့ ရဲတပ်ဖွဲဝင်တွေ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် Kun Kang ကို လိုက်ဖမ်းရင်းနဲ့ပဲ Xu Ming ကတော့ အမှတ်မထင် ပေါက်ကွဲမှုတစ်ခုကြောင့် အသက်ကို ပေးဆပ်သွားခဲ့ရပါတယ်အဲ့နောက်မှာတော့ လွတ်မြောက်နေတဲ့ Kun Kang ကိုဖမ်းဖို့ Lu Yang တစ်ယောက် ဘယ်လိုကြိုးပမ်းမှာလဲ... Kun Kangဘက်ကရော ဘယ်လိုဖောက်ခွဲမှုတွေလုပ်ပြီးတော့ ထွက်ပြေးမှာလဲ..... အက်ရှင်ကားကိုမှ ကြည့်ချင်သူတွေအနေနဲ့ကတော့ CM ကနေတင်ဆက်ပေးထားတဲ့ ခပ်မိုက်မိုက် အက်ရှင်ကားလေးဖြစ်တဲ့EOD Squad 2022 ကို ကြည့်ရှုဖို တိုက်တွန်းချင်ပါတယ်နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , ...
movie

The EOD Squad ( 2022 )