Channel Myanmar

Yukino Kishii

Inumo Kuwanedo Charlie Wa Warau (2022) 6.0
Inumo Kuwanedo Charlie Wa Warau (2022) Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Inumo Kuwanedo Charlie Wa Warau (2022)

2022
One Day, You Will Reach the Sea (2022) 6.2
One Day, You Will Reach the Sea (2022) One Day, You Will Reach the Sea (2022) လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe ...
movie

One Day, You Will Reach the Sea (2022)

2022