Channel Myanmar

Suicide Squad (2016)

Suicide Squad    

PG-13 2h 3min ActionAdventureDCEUFantasy

6.0
IMDB: 6.0/10 579,035 votes

,

, , , , , , , , ,

Won 1 Oscar. Another 16 wins & 39 nominations

USA

1923108

Report error

DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။

ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.org/category/special-package/dceu/  ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။

DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။

– Man of Steel (2013)
– Batman vs Superman: Dawn of Justice (2016)
– Suicide Squad (2016)
– Wonder Woman (2017)
– Justice League (2017) (Theatrical Cut)
– Aquaman (2018)
– Shazam! (2019)
– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)
– Wonder Woman 1984 (2020)
– Zack Snyder’s Justice League (2021)
– The Suicide Squad (2021)
– Black Adam (2022)
– Shazam!: Fury of the Gods (2023)
– The Flash (2023)
– Blue Beetle (2023)
– Aquaman and the Lost Kingdom (2023)

+++++++++++++++++++++++++++++

Suicide Squad (2016) Extended Cut Version

IMDb Rating (5.9) / Rotten Tomatoes (26%)

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။

မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ

ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။

ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။

အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတ်ပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။

Amanda ရဲ့ အကြံအစည်အောင်မြင်မလား

ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား

Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။

မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛

ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ

အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။

Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။

ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/

အော် ဒါနဲ့ …. နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ်

မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။

 

File size…(7.3 GB)/(1.8 GB) / (1.2 GB)
Quality….BluRay Extended Cut 4K HEVC/1080p HEVC / 720p
Format…mkv/mp4
Duration….02:14:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Han Htoo Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cast

Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)
Suicide Squad (2016)


No downloads available

Genres



Related movies