Exit print mode Print Data A+ A- Undo all

Superstars (2008)

Superstars (2008)Superstars (2008)

Synopsis:

Superstars (2008)

“ဘုရားက မျှတပါတယ်လေ” ဆိုပြီး လူတွေပြောပြောနေကျ စကားရှိတယ်မလား။

လောကမှာ အရာအားလုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး။
သေးသေးကြီးကြီး ချို့ယွင်းချက်တစ်ခုတော့ အနည်းဆုံးရှိကြစမြဲပါပဲ။
ဒီကားလေးရဲ့ ဇာတ်ဆောင်နှစ်ယောက်ကလည်း ဒီလိုပဲ။

ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “တွမ်” နဲ့ “တင်” …

“တွမ်” က ရုပ်ရည်ချောမောတယ်၊ အကတော်တယ်။
ဒါပေမယ့် သူ့ရဲ့အသံက ကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းလောက်အောင်ကို “ဘဲ” အသံလိုမျိုး ပြာနေတာ။
ချောမောတဲ့ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားတော့ရှိပေမယ့် အသံပြာတဲ့ ချို့ယွင်းချက်ရှိနေတဲ့သူ ..။

“တင်” က ရုပ်ရည်ပိုင်းဆိုင်ရာမှာ အရုပ်ပုပု ဝဝနဲ့ အားနည်းချက်ရှိပေမယ့်
သူ့မှာ ဆည်းလည်းသံလိုသာယာတဲ့အသံနဲ့ သီချင်းအရေးကောင်းတဲ့ ပါရမီရှိတယ်။

ဒီလို နှစ်ယောက်ပေါင်းမှ ဖိနပ်တစ်ရံလိုပြည့်စုံသွားတဲ့
သူငယ်ချင်းနှစ်ယောက်မှာ အမြဲစနောက်နေကျအကျင့်တစ်ခုရှိတယ်။

“Lip-sync” လုပ်တာ ..

“တွမ်” က ရှေ့ကနေ လူလုံးပြ “တင်” ကနောက်ကနေ ပြောချင်ရာပြော။
ဒီလိုနဲ့ တစ်နေ့မှာ “တင်” ရေးပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို “တွမ်” က lip-sync လုပ်ပြီး
အင်တာနက်ပေါ်တင်လိုက်ရာကနေ နာမည်ကြီးသွားပါလေရော။
တစ်ဖက်ကလည်း အကြွေးတွေပိနေတဲ့ တေးသံသွင်းကုမ္ပဏီတစ်ခုကလည်း
ဒေဝါလီခံရခါနီးလို့ ကြံရာမရဖြစ်နေတုန်း ဒီနှစ်ယောက်နဲ့ လာဆုံကြတဲ့အခါ …။

ကလိထိုးရယ်နေရတာမျိုးမဟုတ်ဘဲ သဘာဝကျကျ ရယ်ရတဲ့အခန်းလေးတွေပါတဲ့အပြင်
ပါဝင်တဲ့သီချင်းလေးတွေကလည်း ချိုချိုအေးအေးလေးနဲ့ နားထောင်လို့ကောင်းတာမို့
စိတ်ပင်ပန်းရတဲ့ဒီလိုအချိန်ကြီးမှာ စိတ်ပြေလက်ပျောက်ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။

Genre….. Comedy , Romance
Quality….WEB-DL 1080p and 720p and 360p
File size… 1.5GB and 910MB and 360p
Format…mp4
Duration….1h 30min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Lai Laii
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Super Hap
Director
Pisut Praesangeam
Release Date
25 December 2008
Runtime
1h 30min
Country
Thailand
Popularity
1.118
Status
Released
ID IMDb.com
tt1888595
IMDB Rating
6.8
IMDB votes
79
ID Themoviedb.org
18878
TMDb Rating
5.6
TMDb votes
5