Exit print mode Print Data A+ A- Undo all

Suspect X (2008)

Suspect X (2008)Suspect X (2008)

Synopsis:

Suspect X (2008)

~ IMDb – 7.4/10, MyDramaList – 8/10 ~

“ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ”

ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။

ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က သူကြိတ်ခရက်ရှ်နေတဲ့ ယာဆုကိုရဲ့ဆိုင်ကနေ နေ့လယ်စာထမင်းဘူးဝယ်ချိန်ပါ။ အဲဒါကြောင့် ယာဆုကိုတို့သားအမိကြောင့် ဖြစ်သွားတဲ့ လူသတ်မှုကို ရဲတွေစုံစမ်းစစ်ဆေးလို့မရနိုင်အောင် လက်စဖျောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။

ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုခင်းပေါင်းများစွာကို သိပ္ပံနည်းကျကျ ဖြေရှင်းပြနိုင်လို့ ဂယ်လီလီယို (Galileo) လို့အခေါ်ခံရတဲ့ ရူပဗေဒပညာရှင် ပါမောက္ခ ယူကာဝါမာနာဘူ (Yukawa Manabu) တစ်ယောက် အဲဒီလူသတ်မှုကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ တစ်ဖက်က သင်္ချာပညာရှင်၊ တစ်ဖက်က ရူပဗေဒပညာရှင် တစ်နည်းပြောရင် ဉာဏ်ကြီးရှင်နှစ်ယောက် ဘယ်လိုတွေ ပညာပြိုင်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။

၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ Suspect X ဟာ ဂျပန်စာရေးဆရာ Keigo Higashino (1958 ~ ) ရဲ့ Detective Galileo series ထဲက တတိယမြောက်စာအုပ် The Devotion of Suspect X (2005) ကိုအခြေခံရိုက်ကူးထားတာပါ။ ပထမဆုံး ၂ အုပ်က Detective Galileo ဝတ္ထုတိုပေါင်းချုပ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ Galileo နာမည်နဲ့စီးရီးထုတ်ထားသလို ၂၀၁၃ ခုနှစ်မှာလည်း Galileo 2 ဆိုပြီး ဆက်ထုတ်ထားပါတယ်။

The Devotion of Suspect X ကို ကိုရီးယားဗားရှင်း Perfect Number (2012) နဲ့ တရုတ်ဗားရှင်း The Devotion of Suspect X (2017) အဖြစ် ရိုက်ကူးထားတဲ့အပြင် India ရုပ်ရှင်ဖြစ်တဲ့ Drishyam (2013) ရဲ့ Remake ဖြစ်တဲ့ Drishyam (2015) လည်း ပြဿနာတက်မှာစိုးပြီး The Devotion of Suspect X ကို မူပိုင်ခွင့်ဝယ်ပြီး မှီငြမ်းထားတယ်လို့ဆိုပေမဲ့ Drishyam (2015) က Drishyam (2013) အတိုင်းပါပဲလို့သိရပါတယ်။

ဂျပန်ဗားရှင်းကလွဲပြီး ကျန်ဗားရှင်းတွေ တစ်ကားနဲ့တစ်ကားမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေရဲ့အကျင့်စရိုက်တွေ၊ ဇာတ်လမ်းအသွားအလာတွေမတူတဲ့အပြင် ဇာတ်သိမ်းပါမတူဘူးလို့ထင်မိပါတယ်။ ဂျပန်ဗားရှင်းတောင် မူရင်းစာအုပ်ထဲကအတိုင်း လုံးဝထပ်တူမဟုတ်ဘဲ ပြုတ်သင့်တာပြုတ်၊ ထည့်သင့်တာထည့် ရှေ့နောက်အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်ကောင်တွေကို ပုံဖော်တဲ့နေရာမှာ စာအုပ်ကအားသာနေပြီး ထိုဇာတ်ကောင်တွေကို ပိတ်ကားပေါ်တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလည်း အိုဗာတင်းမဆန်ဘဲ စာအုပ်ထဲကအတိုင်း ပေါ်လွင်အောင် သရုပ်ဆောင်ပြထားပါတယ်။

{The Devotion of Suspect X ကို ဆရာဖြိုးကျော်က “ကိုယ်ကိုစတေး၍” ဆိုပြီး “ဖြိုးကျော်” Facebook Page မှာအခန်းဆက်တင်ထားတဲ့အပြင် ကံ့ကော်ဝတ်ရည်စာပေမှလည်း ဘာသာပြန်စာအုပ်အဖြစ်ထုတ်ဝေထားပါတယ်}

စုံထောက်နဲ့လူဆိုး ပညာပြိုင်ကြတာမဟုတ်ဘဲ သင်္ချာပညာရှင်နဲ့ ရူပဗေဒပညာရှင် ပညာချင်းပြိုင်ကြတာကိုမှ ရူပဗေဒအဆိုတွေ၊ သင်္ချာပုံသေနည်းတွေ၊ သီအိုရီ‌တွေကိုလည်း တစ်ပိုင်းတစ်စ ထည့်သွင်းပြထားတဲ့ Suspect X ဟာ ထွက်ရှိတာ နှစ်ကာလကြာမြင့်ပြီဖြစ်‌ပေမဲ့ သုံးထားတဲ့လှည့်ကွက်တွေနဲ့ အပြောစကားတွေက သစ်လွင်နေဆဲပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.4GB, 1.05GB
Quality – 1080p, 720p
IMDb Rating – 7.4/10
Format – mp4
Duration – 2H 8Min
Genre – Crime, Drama, Mystery
Subtitle – Myanmar Subtitle (Hardsub)
Translated by AK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Yôgisha X no kenshin
Director
Hiroshi Nishitani
Stars
Akiko Yagi, Ayaka Komatsu, Dankan, Ethan Amis, Hajime Aoki, Hiroaki Fukui, Hiroshi Shinagawa, Ikkei Watanabe, Ito Takahiro, Kazuki Kitamura, Keishi Nagatsuka, Ko Shibasaki, Koji Ishizaka, Lily Franky, Masaharu Fukuyama, Masaki Miura, Miho Kanazawa, Miki Maya, Miyako Takayama, Nobuhiro Nishihara, Ryoji Sugimoto, Ryu Morioka, Shinichi Tsutsumi, Shôta Sasano, Takuji Suzuki, Toru Masuoka, Toshihide Tonesaku, Tsuyoshi Hayashi, Yasufumi Hayashi, Yasuko Matsuyuki, Yūko Fukui
Release Date
2008
Rated
Unrated
Runtime
2h 8m
Awards
2 wins & 5 nominations
Country
Japan
Popularity
7.176
Status
Released
ID IMDb.com
tt1160629
IMDB Rating
7.4
IMDB votes
3900
ID Themoviedb.org
42341
TMDb Rating
7.5
TMDb votes
98