Exit print mode Print Data A+ A- Undo all

Swiped (2018)

Get Ready for Disruption!
Swiped (2018)Swiped (2018)

Synopsis:

ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်လာတဲ့ Swipe ဆိုတဲ့ comedy ကားလေးပါ

ဟာသတွေ တဝါးဝါးတဟားဟားနဲ့ ရယ်နေတာမျိုးမဟုတ်ပေမဲ့ ကြည့်နေရင်း ပြုံးသွားစေမယ့် ဇာတ်ကွက်လေးတွေနဲ့ မပျင်းရတဲ့ ဇာတ်ကားလေးပါ

ဒီကားလေးထဲမှာ ဂျိမ်းစ်ဆိုတဲ့ ကွန်ပျူတာသိပ္ပံမှာ genius လေးတစ်ယောက်ဟာ ကောလိပ်တက်ဖို့ သွားရာက စပြီး အခြေတည် ရိုက်ပြထားပါတယ်

သူကတော့ နေ့စဉ်ကွန်ပျူတာတွေ ဖုန်းတွေနဲ့ပဲ မျက်နှာချင်းဆိုင်နေတဲ့ ခေတ်လူငယ်လေးတစ်ယောက်ဖြစ်လို့ သူ့မိဘမောင်နှမတွေဟာ သူ့အချစ်ရေးနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ အမြဲစိတ်ပူပေးနေရပါတယ်

ကောလိပ်ရောက်တဲ့အခါ တွေ့ရတဲ့ သူ့ရဲ့ အခန်းဖော်ကတော့ စော်ကြည်ဘဲတစ်ယောက်ဖြစ်နေပါတယ်

ကွန်ပျူတာသိပ္ပံတန်းမှာ တော်လွန်းတဲ့ ဂျိမ်းစ်ကို သူ့အခန်းဖော် လန့်စ်က ကြင်ဖက်ရှာ app တစ်ခု ရေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်

ဂျိမ်းစ်တစ်ယောက် လက်ခံလိုက်ပြီးနောက် လန့်စ်တောင်းဆိုတဲ့အချက်အလက်တွေအကုန်ထည့်ပေးပြီး JUNGLE ဆိုတဲ့ app လေးကို ရေးပေးခဲ့တဲ့အခါ လောကကြီးမှာ ဘာတွေ ဖြစ်ကုန်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါနော်

ဂျိမ်းစ် အထက်တန်းကျောင်းကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ ဟန်နာဆိုတဲ့ ကောင်မလေးကတော့ ကြင်ဖက်ရှာ app တွေကို မသုံးတဲ့အပြင် အချစ်ဆိုတာကို တန်ဖိုးထားးတတ်တဲ့သူပါ

JUNGLE လိုမျိုး ယောက်ျားလေးတွေ ဘက်ကနေပဲ တစ်ဖက်သတ် အသားစီးယူပြီး ကြင်ဖက်ရှာတဲ့ app မျိုးကို ဂျိမ်းစ်ရေးခဲ့တယ်ဆိုတာ ဟန်နာသိသွားတဲ့အခါမှာရော ဘာတွေဖြစ်သွားမလဲ

ဂျိမ်းစ်တစ်ယောက် အချစ်ရေးမှာ အဆင်ပြေပါ့မလား

တစ်သက်လုံး FA ဘဝနဲ့ပဲ အရိုးထုတ်သွားရလားဆိုတာတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်လိုက်ကြပါတော့နော်

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)

 

File Size : (700 MB) and (330 MB)
Quality : WEB-DL 720p
Running Time : 1h 33min
Format : Mp4
Genre : Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p WEB-DL DD2.0 N30N
Translated by May Tharaphi Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Swiped
Director
Ann Deborah Fishman
Stars
Christian Hutcherson, George Hamilton, Kalani Hilliker, Kendall Ryan Sanders, Kristen Johnston, Leigh-Allyn Baker, Maddy Curley, Nathan Gamble, Noah Centineo, Shein Mompremier
Release Date
6 November 2018 (USA)
Rated
N/A
Runtime
1h 33min
Awards
N/A
Country
USA
Popularity
2.208
Status
Released
ID IMDb.com
tt4867110
IMDB Rating
5.0
IMDB votes
504
ID Themoviedb.org
535437
TMDb Rating
6
TMDb votes
3