Channel Myanmar

Report error

Taxi 3 (2003)
IMDb – 5.8/10_____Rotten – 51%

 

 

Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမပေါ်က ဂျလန်းတက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။

ဟုတ်ပါတယ်…အတော်များများကြည့်ဖူးပြီးလောက်ပါပြီ….ဒါပေမယ့်….ပြင်သစ် Taxi (၄)ကားလုံးကို အစဉ်လိုက်ကြည့်ဖူးသူတော့ နည်းပါလိမ့်မယ်….သောက်သောက်လဲရယ်ရတဲ့ ဇာတ်ကားတွေကို အစဉ်လိုက်ခံစားစေချင်လို့  (၄)ကားလုံးကို BluRay Quality မြန်မာစာတန်းထိုးနဲ့ လာတင်တာပါ။

Taxi ဇာတ်ကား ၄ ကားလုံးမှာ အဓိကမင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။တစ်ကားကို ပြသနာတစ်ခုဖြေရှင်းတဲ့ ပုံစံမျိုးနဲ့ Taxi Family ကို ဆွဲခေါ်ပြသသွားတာပါ။ Taxi Family မှာ မင်းသား Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး ဇာတ်ပို့အတော်များများလဲ ဒီလူတွေပဲ အမြဲပါဝင်ထားတာကြောင့် ဇာတ်အိမ်ခိုင်မြဲနေတဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Taxi ဇာတ်ကားတွေအကုန်လုံးက Comedy ဟာသကားတွေချည်းပါပဲ။

ဟာသကားဆိုတာ အတော်လုပ်ယူရခက်တဲ့ အနေအထားမျိုးပါ။တွေ့နေကြ ဟာသပေါကားတွေနဲ့တော့မယှဉ်ပါနဲ့။အဲ့ကားတွေထဲကလို အောက်ပိုင်းကိုဟာသလုပ်တာတွေ အခြောက်ကိုဟာသလုပ်တာတွေ မျက်ခွက်ကို ပြူးတူးပြဲတဲဟာသလုပ်တာတွေကတော့ အတော်ပေါပါတယ်။ရှားတယ် ခက်တယ်ဆိုတဲ့ ဟာသကားဆိုတာ ဇာတ်လမ်းကိုက ရယ်ရတဲ့ ဇာတ်ကားမျိုးပါ။ဇာတ်လမ်းကရယ်ရစေဦး သရုပ်ဆောင်တွေ မှင်သေသေဖြစ်တဲ့ ဇာတ်ကားက ပိုရှားပါတယ်။(တချို့ကားတွေမှာ ရယ်ရပေမယ့် သရုပ်ဆောင်တွေက အတင်းကာရော ပြူးပြဲနေလို့ ကလိထိုးရယ်ခိုင်းသလိုဖြစ်နေတတ်ပါတယ်။)

 

 

Taxi ဇာတ်ကားတွေမှာတော့
ဇာတ်အိမ်ကခိုင်မာသလို ဟာသတွေက တမင်လုပ်နေတာမျိုးမဟုတ်ဘဲ သူတို့နေထိုင်ပြောဆိုမှုကိုယ်တိုင်က ဟာသဖြစ်နေတာမျိုးပါ။သရုပ်ဆောင်မှုပိုင်းမှာလဲ မှင်သေလွန်းလို့ အပြင်မှာ ဒီလိုလူတွေ တကယ်ရှိတယ်လို့ ထင်လာမိပါတယ်။အောက်ပိုင်းပျက်လုံးတချို့ကိုလဲ ဇာတ်လမ်းကိုပံ့ပိုးဖို့ လိုအပ်တာထက် ပိုမသုံးထားပါဘူး။

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေပါ။

ဟာသကိုဦးစားပေးပြီး မြန်မာမှုပြု ဘာသာပြန်ထားတာလေးတွေကို ခံစားအားပေးကြပါဦး။

 

(Taxi ဇာတ်ကားအားလုံးကို   https://channelmyanmar.org/?s=taxi  မှာ ကြည့်လို့ရပါတယ်။ )

 

 

File size…(740 MB) 

Quality…Blu Ray Rip 720p

Format…mp4

Duration….01:24:00

Subtitle….Myanmar Subtitle (Hardsub)

Encoder….Nyeinsaeya Aung

Translated by D


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Taxi 3 (2003)
Taxi 3 (2003)
Taxi 3 (2003)
Taxi 3 (2003)


No downloads available

Genres



Related movies