Channel Myanmar



N/A 120 min ComedyThriller

6.7
IMDB: 6.7/10 438 votes

, , , ,

N/A

South Korea

715891

Report error

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၅ က ထွက်ခဲ့တဲ့ The Accidental Detective ဆိုတဲ့ စုံထောက် ဟာသဇာတ်မြူးလေးပါ

ဇာတ်လမ်းအကျဉ်းလေးကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်နော်

ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်

တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူး

သူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ်

သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ

ဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူး

တနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ်

ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာတော့ ပရိသတ်တွေ ကြည့်ကြည့်ကြပါ

ဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့ အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား ဘယ်လို ဟာသတွေ ဖြစ်ကြလဲ ဆိုတာကိုလည်း မပျင်းရဘဲ တွေ့မြင်ရမှာပါ

နှစ်ယောက်စလုံးက အတွဲညီတာ တစ်ခုရှိနေပါသေးတယ်

အဲဒါတော့ မိန်းမကြောက်ကြတာပါ

သူတို့နှစ်ယောက် မိန်းမတွေကို ဘယ်လိုကြောက်ရလဲဆိုတာတော့ ကြည့်ပြီး ခွီလိုက်ကြပါဦး

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)

 

File Size : (950 MB) and (370 MB)
Quality : HDRip 720p
Running Time : 2h 00min
Format : Mp4
Genre : Comedy , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p HDRip H264 AC3-KDL
Translated by May Tharaphi Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Accidental Detective (2015)


No downloads available

Genres



Related movies