Channel Myanmar

The Big Short (2015)

The Big Short    

R 2h 10min BiographyComedyDrama

7.8
IMDB: 7.8/10 341,319 votes

, , , ,

, , , , , , , , ,

Won 1 Oscar. Another 37 wins & 80 nominations

USA

603790

Report error

The Big Short (2015)

Won 1 Oscar… Another 37 wins & 80 nomination

IMDb….7.8/10_____Rotten….88%

[Unicode]

The Big Short

စကားဦးသန်းချင်တာကတော့
ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ
အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို
ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။
ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။
The Wolf of Wall Streetတို့
Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့
ဒီကားက ခင်‌ဗျားအတွက်ပါပဲ။

ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက
ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင်
Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့
မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။
Margot Robbieနဲ့ Selena Gomezတို့လည်း
ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။
Best adapted Screenplay awardနဲ့
အော်စကာရခဲ့ပြီး
Baleရဲ့ Best supporting Acotrအပါအဝင်
ဆန်ခါတင်လေးဆုဝင်ထားပါတယ်။
2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့
စာအုပ်ကို ရိုက်ထားတာပါ။

2008တုန်းက Financial Crisis
ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။
အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့
၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။
ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ
နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။
အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က
၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ
ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက
ဘွန်းတွေရဲ့ ယိုယွင်းမှု အခြေအနေကို ဆရာဝန်လောကက
အနားယူပြီး စီးပွားရေးလောက ရောက်နေတဲ့
ဒေါက်တာ ဘာရီ(Blae)က သတိထားမိပြီး
ပြောပြခဲ့ပါတယ်။
ရုပ်ရှင်ရဲ့ အစမှာ ပြောထားတဲ့ စကားလေးလိုပါပဲ
ကျွန်တော်တို့ကို အကျပ်အတည်းရိုက်စေတာက
ကျွန်တော်တို့ မသိတဲ့အရာတွေမဟုတ်ပါဘူး။
ကျွန်တော်တို့ သိတယ်ထင်ပြီး မပြောင်းလဲဘူး
ထင်ထားတဲ့အရာတွေကပါ။
အငြိမ်ဆုံးဈေးကွက်ဖြစ်တဲ့
အိမ်ခြံမြေဈေးကွက်ကို ပျက်စီးမယ်ပြောတဲ့
ဘာရီရဲ့ စကားကို ဘယ်သူမှ မယုံကြည်ခဲ့ကြပါဘူး။
ဒီတော့ ဒေါက်တာ ဘာရီက သူ့ယုံကြည်ချက်အတိုင်း
အိမ်အရောင်းအဝယ်ဈေးကွက်ကို ပြိုင်ပြီး
အိမ်အရောင်းအဝယ်ဈေးကွက်ပျက်မယ့်ဘက်က
လောင်းလိုက်ပါတယ်။ မိုက်ကယ်ဘာရီစာတမ်းကို သိတဲ့
ဂျရတ် ဗန်းနတ်(Ryan Glosing)ကနေ
ဆက်စပ်မိရာက မတ်ဘန်း(Steve Carell)နဲ့
ဘန် ရစ်ချက်(Brad Pitt)နဲ့ တက်သစ်စ
စတော့ကစားသမားလေးနှစ်ယောက်လည်း
ဒီအလောင်းအစားမှာ ပါလာပါတယ်။
2008မှာတော့ Michael Burryမှန်သွားပြီး
ဘဏ္ဍာရေးပျက်ကပ် financial crisisဖြစ်ခဲ့တယ်။
မတ်ဘန်းပြောတဲ့စကားနဲ့ပြောရမယ်ဆိုရင်
ဒီအဖြစ်အပျက်မှာ သူတို့မှန်သွားတာဟာ
ပျော်စရာမကောင်းလှပါဘူး။။ဘာလို့ဆို
လူရှစ်သန်းလောက်က အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး
၆သန်းလောက်က အိမ်ခြေရာမဲ့ဖြစ်ခဲ့ကြပါတယ်။
ဒေါ်လာ ငါးထရီလီယမ်( သန်းတစ်သန်း)
ဆုံးရှုံးသွားပါတယ်။ ငါးရဲ့နောက်မှာ
သုညဆယ့်နှစ်လုံး ရှိပါတယ်။

စတော့လောက ဘွန်းလောကဟာ အလျော်အစားကြီးပါတယ်။
ဒါပေမယ့် တကယ်တမ်း နစ်နာမှုကြီးသူတွေကတော့
ဘဏ်တွေရဲ့ ဘွန်းတွေနဲ့ တိုက်ရိုက်သွယ်ဝိုက်ချိတ်ဆက်မိနေကြ
သူတွေပါပဲ။ လူတိုင်းနီးပါး ငွေလိုချင်ကြပါတယ်။
ရှိထိုက်တဲ့လောဘနဲ့ မရှိရင်တော့ ခင်ဗျားတို့အတွက်
လမ်းဆုံးကြီးက ငုတ်တုတ်စောင့်နေပါတယ်။

ဒီရုပ်ရှင်မှာ ခင်ဗျားတို့ နားမလည်လောက်မယ့်
Wall Streetအသုံးတွေပါပါတယ်။စိတ်မပူပါနဲ့
ဒါရိုက်တာက Margot Robbieတို့
Selena Gomezတို့လို စကီချောချောလေးတွေကို
အပြင်လောကက ပညာရှင်တွေနဲ့အတူတွဲ
Fourth Wallချိုး ရှင်းပြပေးထားပါတယ်။

စာကြွင်းပြောရရင် လောလောလတ်လတ်မှာလည်း
ကိုရိုနာကြောင့် စတော့တွေထုတ်ရောင်းနေပြီး
ဒေါ်လာနဲ့ရွှေ အဝယ်များနေတဲ့အတွက်
ထပ်ဖြစ်နိုင်ချေရှိတယ် ဆိုပါတယ်။

( အညွှန်းနဲ့ဘာသာပြန်သူကတော့WiRa Aung ဖြစ်ပါတယ် )

 

File size__( 1.16 GB )
Quality__Blu-720p
IMDb Rating__7.8/10
Format__mp4
Duration__02:10:06
Type__Biography, Comedy, Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Big Short (2015)
The Big Short (2015)
The Big Short (2015)
The Big Short (2015)
The Big Short (2015)
The Big Short (2015)
The Big Short (2015)


No downloads available

Genres



Related movies