Exit print mode Print Data A+ A- Undo all

The Black Devil and the White Prince (2016)

The Black Devil and the White Prince (2016)The Black Devil and the White Prince (2016)

Synopsis:

[Unicode]

The Black devil and The White Prince (2016)

IMDb rating – 6.3/10

2016မှာထွက်ခဲ့ပြီး နာမည်လည်းကြီးခဲ့တဲ့ Live action movieလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ “Defying Kurosaki-kun”ရဲ့ Live actionပါ။

ဇာတ်လမ်းအကျဉ်းကတော့ –
အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။
သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။ ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်း
အဆောင်ကိုပြောင်းလာခဲ့ပါတယ်။

ကျောင်းအဆောင်သစ်မှာ “white prince”လို့တင်စားခံရတဲ့
ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ

“Black devil” ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့
သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။ သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။

“white prince”လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့

ယု-ချန်တစ်ယောက် သူအရင်တည်းက သဘောကျခဲ့ရတဲ့ ပြီးပြည့်စုံတဲ့နတ်သားလေးကိုရွေးမှာလား။ ကူရိုဆကီရဲ့ဆိုးသွမ်းမှုတွေကြားက ချစ်စရာကောင်းတဲ့အပြုအမူတွေကိုသဘောကျသွားမှာလား။

သူတို့၃ဦးကြားက ၃ပွင့်ဆိုင်အချစ်အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Live actionလေးဖြစ်ပါတယ်။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )

 

[Zawgyi]

The Black devil and The White Prince (2016)

IMDb rating – 6.3/10

2016မွာထြက္ခဲ့ၿပီး နာမည္လည္းႀကီးခဲ့တဲ့ Live action movieေလးကိုျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။ Nana Gometsu, Kento Nakajima နဲ႔ Chiba Yudaiတို႔ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Shoujo Mangaတစ္ပုဒ္ ျဖစ္တဲ့ “Defying Kurosaki-kun”ရဲ႕ Live actionပါ။

ဇာတ္လမ္းအက်ဥ္းကေတာ့ –
အာကဘနဲ-ယုဆိုတဲ့ေကာင္မေလးက မျပင္တတ္မဆင္တတ္နဲ႔ သာမန္႐ုပ္ရည္ပဲရွိတာေၾကာင့္ အၿမဲအားငယ္ေနၿပီး အတန္းေဖာ္ေတြရဲ႕ႏွိမ့္ခ်မႈကိုလည္း ခံခဲ့ရသူပါ။
သူ႔ဖခင္ရဲ႕အလုပ္အေျပာင္းအေရႊ႕ေၾကာင့္ အေဆာင္ေပးတဲ့ေက်ာင္းတစ္ေက်ာင္းမွာေျပာင္းတက္ရဖို႔ျဖစ္လာပါတယ္။ ေက်ာင္းသစ္မွာသူ႔ဘဝအသစ္ကိုစမယ္ဆိုၿပီး တက္ႂကြတဲ့ေျခလွမ္းအျပည့္နဲ႔ သူ႔ကိုယ္သူေျပာင္းလဲရင္း
အေဆာင္ကိုေျပာင္းလာခဲ့ပါတယ္။

ေက်ာင္းအေဆာင္သစ္မွာ “white prince”လို႔တင္စားခံရတဲ့
ရွိရကဝ-တကုမိနဲ႔ တစ္ေဆာင္တည္းေနရမွာျဖစ္လို႔ေပ်ာ္ေနတဲ့အခ်ိန္မွာပဲ

“Black devil” ဟ႐ုတိုရဲ႕ဆံပင္ကို မေတာ္တဆ ညႇပ္မိတဲ့အခါမွာေတာ့
သူ႔ဆံပင္အစားအေလ်ာ္ေပးဖို႔အတြက္ ႐ူးေၾကာင္ေၾကာင္အလုပ္ေတြကို ဆက္တိုက္အခိုင္းခံရပါေတာ့တယ္။ သူ႔အမိန္႔ေတြကိုနာခံရင္း ခိုင္းတာမွန္သမွ်ကိုလိုက္လုပ္ေပးရင္း ယုတစ္ေယာက္ နတ္ဆိုးေလးအေပၚအျမင္ေျပာင္းၿပီး ရင္ခုန္တာေတြျဖစ္လာပါတယ္။

“white prince”ေလးကလည္း အာကဘနဲ-ယုအေပၚ တကယ္ႀကိဳက္မိသြားတဲ့အခါမွာေတာ့

ယု-ခ်န္တစ္ေယာက္ သူအရင္တည္းက သေဘာက်ခဲ့ရတဲ့ ၿပီးျပည့္စုံတဲ့နတ္သားေလးကိုေရြးမွာလား။ ကူ႐ိုဆကီရဲ႕ဆိုးသြမ္းမႈေတြၾကားက ခ်စ္စရာေကာင္းတဲ့အျပဳအမူေတြကိုသေဘာက်သြားမွာလား။

သူတို႔၃ဦးၾကားက ၃ပြင့္ဆိုင္အခ်စ္အေၾကာင္းကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ၾကည့္ရႈရမဲ့ Live actionေလးျဖစ္ပါတယ္။

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ Ingyin San ပါ )


Quality__HEVC 720p 5.1
IMDb Rating__6.3/10
Format__mp4
Duration__01:30:00
Type__Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Kurosaki-kun no iinari ni nante naranai
Release Date
27 February 2016
Runtime
1h 33min | Romance |
Country
(Japan)
Popularity
2.277
Status
Released
ID IMDb.com
tt5179576
IMDB Rating
6.3
ID Themoviedb.org
586924
TMDb Rating
6.3
TMDb votes
6