Channel Myanmar

spree

တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့

မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ်

မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့…

ဇာတ်ကားဟာ

မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့

သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့

လူငယ်လေး Manolo (Diego Luna) ရဲ့

ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။

ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး

ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့

အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ၀ိဥာဉ်တွေဖြစ်တဲ့

La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က

Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။

Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ

အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို

Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့

မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။

Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက်

Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့

ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့

မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။

အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား

The Book of Life ကို ဒါရိုက်တာ Jorge Gutierrez က

ရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့

Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။

IMDb Rating (7.4/10)

Rotten Tomatoes (82%) ရရှိထားလို့

ကြည့်ဖို့တိုက်တွန်းပါတယ်။

Translated By : Nyi Than Lwin

Encoded By : Thit San Khant

The Book of Life
The Book of Life
The Book of Life
The Book of Life
The Book of Life
The Book of Life
The Book of Life
The Book of Life


No downloads available

Genres

Related movies