Exit print mode Print Data A+ A- Undo all

The Boy and the Beast (2015)

The Boy and the Beast (2015)

Synopsis:

the-boy-and-the-beast-2015

ဒီနေ့အတွက် IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဂျပန် Animation ကားလေးတစ်ကားတင်ပေးပါရစေ။

———————-**********************************——————————–

ကမ္ဘာ့မိစ္ဆာအများဆုံးရှိတဲ့မြို့ ဂျူတန်ဂိုင်မြို့မှာ ကိစ္စပေါ်လာတယ်၊
အဲ့ဒါက ပန်းကန်လုံးပုံစံတောင်ကြားမှာ နေထိုင်ကြတဲ့ မိစ္ဆာတွေက အကောင်တစ်သိန်းလောက်ရှိတယ်၊ တစ်ရက်မှာတော့သူတို့ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ကအနားယူပြီး နတ်ဘုရားအဖြစ် နဲ့  ပြန်ဝင်စားတော့မယ်လို့ကြေငြာခဲ့တယ်၊
သူက နတ်ဘုရားအဖြစ် ၀င်စားတော့မယ်ဆိုတော့ခေါင်းဆောင်သစ် ရွေးချယ်ပေးဖို့လိုလာတယ်၊ အဲဒါကြောင့် ခေါင်းဆောင်ရွေးပွဲအတွက် အားလုံး အသင့်ပြင်ထားဖို့ အမိန့်ထုတ်လိုက်တယ်၊
နောက်ပြီး ဒီပွဲမှာအောင်မြင်သူဖြစ်ဖို့ဆိုရင်စွမ်းအားရော အကျင့်သိက္ခာပါ ပထမတန်းစားဖြစ်နေဖို့လိုပါတယ်၊
အဲ့ဒီထဲမှာမှ ထိပ်ဆုံးမှာ တစ်ပြေးနေတာကတော့ အီအိုဇန်လို့ခေါ်တဲ့ မိစ္ဆာကောင်ပဲဖြစ်ပါတယ်၊
သူက ရဲရင့်တယ်.. သတ္တိရှိတယ် တပည့်တပန်းတွေလဲ အများကြီးရှိတယ်။ အီချိရိုဟိကိုနဲ့ ဂျီရိုမာရုဆိုတဲ့
သားနှစ်ယောက်လဲ ရှိတယ်၊ နောက်တက်လာမယ့် ခေါင်းဆောင်က သူပဲဖြစ်မယ်လို့ထင်ကြေးပေးနေကြတယ်၊
ဒါပေမယ့်လဲ.. သူ့လိုနောက်ထပ်တစ်ယောက် ရှိနေပါသေးတယ်၊
သူ့နာမည်က ခုမတဲဆု…
သူက နာမည်အတိုင်းပဲ ၀က်ဝံတစ်ကောင်လိုတောင့်တင်းကြံ့ခိုင်တဲ့ စွမ်းရည်နဲ့
မျောက်တစ်ကောင်ရဲ့ လျင်မြန်မှုတွေကို ပိုင်ဆိုင်တယ်၊ သူ့ရဲ့ လေးလံရှည်လျားတဲ့ဓားကြီးကို ပေါ့ပေါ့ပါးပါး လွှဲခုတ်နိုင်သူလဲဖြစ်တယ်၊လူကြီးပိုင်းတွေကတော့ သူက အီအိုဇန်ထက်တောင်မှခွန်အားပိုင်းမှာ သာတယ်လို့
ယူဆကြတယ်၊ ဘယ်လိုဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်တဲ့ ပြိုင်ဘက်ပါပဲ၊
သူက ရိုင်းစိုင်းမောက်မာပြီး တကိုယ်ကောင်းဆန်သူဖြစ်တာကြောင့် တပည့်တစ်ယောက်တောင် မရှိသလို၊
သားသမီးလဲ ရှိတာမဟုတ်ပါဘူး၊

boy_and_the_beast_2__large

——————————**********************************——————————–

ရဲန်း . . .

ဒီကောင်လေးရဲ့ အဖေနဲ့အမေဟာ တရားဝင်ကွာရှင်းထားပြီး အမေနဲ့နေကျန်ခဲ့ရတာပါ၊ တစ်နေ့မှာကံဆိုးစွာပဲ အမေကကားတိုက်သေဆုံးသွားပြီး အမျိုးတွေက မွေးစားဖို့လာခေါ်ခြင်းခံရပါတယ်။ ဒါပေမဲ့ သူဟာအဖေကိုပဲ လိုချင်တောင့်တနေခဲ့ပြီးအမျိုးတွေရဲ့ခေါ်ဆောင်ရာ မလိုက်ဘဲ တစ်ကိုယ်တည်းအိမ်ကထွက်ပြေးလာရာကနေ မိစ္ဆာတွေရဲ့မြို့ဖြစ်တဲ့ဂျူတန်ဂိုင်မြို့ကို ရောက်ရှိသွားပြီး ခုမတဲဆု နဲ့ တွေ့ဆုံရာကနေ . သူရဲကောင်းရွေးချယ်ပွဲဟာ အပြောင်းအလဲတွေများစွာဖြစ်လာခဲ့တော့တယ်၊

(ဒီဇာတ်လမ်းကိုဘာသာပြန်ပေးသူကတော့ CM Team မှ Nyi Than Lwin ဖြစ်ပါတယ်။)

@San Win Maung

 

File Size        800Mb/400Mb

Quality           BluRay Rip

Translator      Nyi Than Lwin

Encoder           San Win Maung

Movie Download Here

Movie Small File Size Download Here



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

ID IMDb.com
tt4272866