Channel Myanmar

The Cleansing Hour (2019)

====================

IMDb Rating – 5.9/10

 

The Cleansing Hour ဆိုတဲ့ ရှိုးလေးဟာ ‘မက်စ်’ နှင့် ‘ဒရူး’ အတူတစ်ကွတည်ထောင်ခဲ့တဲ့ရှိုးလေးပါ။

မက်စ်ကတော့ ဖာသာ ‘မက်စ်’ အဖြစ်နဲ့ လူတိုင်းက သူ့ကိုဖာသာတစ်ယောက်လို့သိထားပြီး ‘ဒရူး’ ကတော့

မကြာခင် ‘လိန်း’ ဆိုတဲ့ သူချစ်သူနဲ့လက်ထပ်တော့မယ် ထုတ်လုပ်သူတစ်ယောက်ပါ။ သူတို့ဟာ ရှိုးကိုတိုက်

ရိုက်ထုတ်လွှင့်နေချိန်မှာ ပရိတ်ရေတို့ ပရိတ်ရွတ်ဖတ်ထားတဲ့အဝတ်စတို့ကို ရောင်းချပြီးစီးပွားရှာကြပါတယ်။

ဒီလိုလုပ်ကြပေမယ့်လည်း နိုင်ငံအဝှမ်းက ပရိသတ်များကတော့ ဒီရှိုးကိုအခိုင်အမာအားပေးလျှက်ရှိနေပါတယ်။

အမြဲတမ်း အဆင်ပြေချောချောမွေ့မွေ့နဲ့တင်ဆက်နိုင်ခဲ့တဲ့ရှိုးဟာ တစ်နေ့မှာတော့ အစွဲချွတ်ခံရမယ့်သရုပ်ဆောင်

မလာတာကြောင့် ‘ဒရူး’ ဟာ ‘လိန်း’ ကို အစားထိုး သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ‘လိန်း’ ကလည်း တစ်ကိုယ်ကောင်း

ဆန်တဲ့ ‘မက်စ်’ ကိုကြည့်မရပေမယ့် ချစ်သူ ‘ဒရူး’ ကြောင့် ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့တိုက်ရိုက်ထုတ်လွှင်တဲ့အချိန်

မှာ ‘လိန်း’ ကို တကယ့်မကောင်းဆိုးဝါးက ဝင်ပူးသွားသောအခါ…တကယ့်ဖာသာအစစ်မဟုတ်ဘဲ စီးပွားရေးအရ

ရှိုးလုပ်ထားတဲ့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ထိတ်လန့်ဖွယ်ကြည့်ရမှာပါ။

ဒီဇာတ်ကားလေးက IMDb 5.9 ရရှိထားပြီး သွေးထွက်သံယိုနှင့် Jump Scare အများအပြားပါလို့ 15+ တွေပဲ ကြည့်

သင့်တယ်လို့တော့ အကြံပေးပါရစေ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htoo Htoo Ka Joe ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p WebRip

Duration – 1h 34min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Horror

Source : 1080p.WebRip

Translator – Htoo Htoo Ka Joe

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Cleansing Hour (2019)


No downloads available

Genres



Related movies