Exit print mode Print Data A+ A- Undo all

The Duchess (2008)

Based on the incredible true story.
The Duchess (2008)The Duchess (2008)

Synopsis:

 

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော

Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့

ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်

ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်

မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့

လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper

တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်

ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့

အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။

 

ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို

ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ

၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့

ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။

ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့

မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး

ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်

Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။

ဇာတ်လမ်းအကျဉ်း‌အနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့်

သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း

ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့

ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်း‌တစ်ကားပဲဖြစ်ပါတယ်။

 

File size…1.52GB / 746MB
Quality…Web-Rip 1080p / 720p
Format…mp4
Duration….1h 50m
Genre ….. Biography , Drama , History
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Muse



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $17 759 769,00
Revenue
USD $43 306 325,00
Popularity
17.198
Status
Released
ID IMDb.com
tt0864761
IMDB Rating
6.9
IMDB votes
86K
ID Themoviedb.org
12783
TMDb Rating
6.993
TMDb votes
1576