Exit print mode Print Data A+ A- Undo all
The Escort (2016)
Every story has a price.
The Escort (2016)The Escort (2016)
Synopsis:
Escort ( 2016 ) – Spoiler free , just movie review !!!!
အသက် ၂၅ပတ်ချာလည်
သူဌေးသား လူငယ်တစ်ယောက် ။
ဂျာနယ်လစ်သတင်းရေးသူတစ်ယောက်အဖြစ်နဲ့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ကြိုးစားနေတယ် ။
သူ့မှာ sex addict ဆိုတဲ့ sex မလုပ်ရရင်မနေနိုင်တဲ့
ရောဂါရှိတယ် ။ dating apps တစ်ခုထဲက ကြုံရာ မိန်းကလေးတွေနဲ့ sex လုပ်ရင်း တစ်ဖက်က အလုပ်ကိုပုံမှန်လုပ်ရင်း RS မရှိဘဲ နေထိုင်နေတယ် ။
တစ်နေ့မှာတော့ သူ့အလုပ်က သူ့ကို အကြောင်းမယ်မယ်ရရ မရှိဘဲ အလုပ်ထုတ်လိုက်တယ် ။ လေလွင့်သွားလာရင်း ဘားတစ်ခုမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ် ။
ကောင်မလေး က စတန်းဖို့ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ပညာတတ်မိန်းကလေး ။ ဒါပေမယ့် မိန်းကလေးက Escorts ခေါ်တဲ့ လူကြီးလူကောင်းတွေကို ကြေးကြီးကြီးနဲ့ ဖျော်ဖြေရတဲ့ အထက်တန်းစား ရွှေကြာ အလုပ်ကို လုပ်နေတယ်လို့
ပြောလာတော့ သူအံ့သြရတယ် ။
ဒီလိုနဲ့ ထိပ်တန်းမဂ္ဂဇင်းတစ်ခုမှာ အလုပ်ရဖို့အတွက် ဒီမိန်းကလေး အကြောင်းကို ( မိန်းကလေး အမည်မဖော်ပြဘဲ ) သူရေးချင်လာတယ် ။ မိန်းကလေးကို ခွင့်တောင်းတော့ အပြန်အလှန် အခြေအတင် ပြောကြရင်း မိန်းကလေးနဲ့ အချိန်တချို့ တွေ့ဆုံပြီး အင်တာဗျူ းခွင့် ရလာတယ် ။ သူတို့အတူတူ ရှိလာတဲ့ အခါ ဒီလိုအထက်တန်းစားပညာတတ်တစ်ယောက်က ဒီလို အလုပ်မျိုးဘာလို့လုပ်ရလဲ ? သူလိုသူဌေးသား တစ်ယောက်ကရော အခန်းခတောင်ပေးဖို့ခက်ခဲရတဲ့ ဘဝမှာ ဘာလို့ ကျင်လည်နေရလဲ ? ဒီလိုမေးခွန်းတွေရဲ့ အဖြေတွေ ကြားမှာ သံယောဇဉ်ဖြစ်လာတဲ့ အခါ ဘယ်လိုရှေ့ဆက်ကြလဲ ? တစ်ဖက်က sex addict နဲ့ တစ်ဖက်က ရွှေကြာ ဘယ်လိုစိတ်နဲ့ လက်တွဲမလဲ ? ဘယ်လိုစိတ်နဲ့ လမ်းခွဲမလဲ ? ဒီလိုအခြေအနေတွေ ဖြစ်လာပါတယ် ။
18+ အနည်းအကျဉ်းပါတယ်ဆိုပေမယ့် dialogue တွေ သွက်သွက်လက်လက် သရုပ်ဆောင် ကောင်းကောင်းနဲ့ ကြည့်လို့ကောင်းတဲ့ Romance ကားလေးတစ်ကားပါ ။ အထူးသဖြင့်တော့ မိန်းကလေး သရုပ်ဆောင်ပါ ။ စတန်းဖို့တက္ကသိုလ်ဘွဲ့ရမို့ အထက်တန်းစားမိန်းမတစ်ယောက်လို ထက်ထက်မြက်မြက် ပြုမူပြောဆိုနေထိုင်တယ် ။ တစ်ဖက်ကလဲ ရွှေကြာ အလုပ်လုပ်နေတာမို့ ကလက်သလို စရိုက်ကျကျနေရတယ် ။ ဒီဆန့်ကျင်ဘက် စရိုက်နှစ်ခုကို ပေါ်အောင် သရုပ်ဆောင်နိုင်တာ သဘောကျဖို့ကောင်းပါတယ် ။
ဇာတ်ကားအပြီးမှာမေးခွန်းလေးတွေ ကျန်ခဲ့လိမ့်မယ် ။ လှောင်တဲ့အနေနဲ့ မေးရင် ” ဖာတောင်မှ ပညာတတ်ရင် လေးစားစရာကောင်းတယ် ” လို့ပြောချင်တာလားပေါ့ ။ အတည်အနေနဲ့မေးရင်တော့ ” sex နဲ့ အချစ်ဟာ ဘာကွာလဲ? sex က အချစ်အပေါ် ဘယ်လိုလွှမ်းမိုးလဲ ? sex history က အချစ်ထက်အရေးကြီးသလား ?
Credit – nyo kaung
(Zawgyi)
Escort ( 2016 ) – Spoiler free , just movie review !!!!
အသက် ၂၅ပတ်ချာလည်
Credit – nyo kaung
File size…(900 MB) and (400 MB)
Quality….Blu-Ray Rip 720p
Format…mp4
Duration….01:28:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Original title
The Escort
Director
Will Slocombe
Stars
Benita Robledo, Bruce Campbell, Dan Bakkedahl, Iqbal Theba, Lyndsy Fonseca, Michael Doneger, Rumer Willis, Sam Daly, Sonya Walger, Tommy Dewey
Release Date
28 Jul 2016
Rated
Not Rated
Runtime
88 min
Awards
1 nomination.
Country
USA
Popularity
6.673
Status
Released
ID IMDb.com
tt3793788
IMDB Rating
6.0
IMDB votes
10,440
ID Themoviedb.org
351964
TMDb Rating
6.1
TMDb votes
263