Channel Myanmar

The Fearway (2023)

HorrorScience Fiction

IMDB: /10 votes

199507

Report error

ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။

စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။

 

File size…(1.2 GB)/(700 MB)/(400 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:21:00
Genre…Horror, Science Fiction
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Fearway (2023)
The Fearway (2023)
The Fearway (2023)
The Fearway (2023)
The Fearway (2023)


No downloads available

Genres



Related movies