Exit print mode Print Data A+ A- Undo all

The First Day of My Life (2023)

The First Day of My Life (2023)The First Day of My Life (2023)

Synopsis:

 

“ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။

ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။

ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။

ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။

ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။

ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။

ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

File size…(1.4 GB)/(764 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:32:00
Genre…Comedy, Drama, Fantasy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
11.191
Status
Released
ID IMDb.com
700819
IMDB Rating
6.7
ID Themoviedb.org
700819
TMDb Rating
6.673
TMDb votes
101