Channel Myanmar

The first documentary movie on CCP virus, Tracking Down the Origin of the Wuhan Coronavirus

Documentary

IMDB: /10 votes

398145

Report error
















File Size : (400 Mb)
Quality : 720p HDrip
Format…mp4
Duration…45 min
Genre : Documentary
Encoded by Littleneo

 

unicode

ဒီ မှတ်တမ်းရုပ်ရှင်ကတော့ COVID-19 ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို လေ့လာဖော်ထုတ်ထားတဲ့ သုံးသပ်ချက်တွေကိ ုဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူတွေကို ကြည့်ဖူးစေချင်တဲ့ စေတနာနဲ့ တင်ပေးတာပဲ ဖြစ်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိပါဘူး။ လူမျိုးရေးနဲ့ နိုင်ငံရေး အငြင်းပွားဖွယ် ကွန်မန့်များ မမန့်ကြဖို့ ကြိုတင်မေတ္တာရပ်ခံထားပါတယ်။

ဒီ Docu ကိုတော့ The Epoch Times သတင်းဝဘ်ဆိုက်မှာ ဧပရယ် ၇ ရက်က တင်ထားခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အစိုးရရဲ့ စမ်းသပ်မှုကနေ တဆင့် တမင်တကာ (သို့) မတော်တဆ ပေါက်ထွက်လာခဲ့တာဖြစ်ကြောင့် အချက်အလက်မျိုးစုံ၊ ရှုထောင့်မျိုးစုံကနေ တင်ပြထားတာဖြစ်လို့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။

စွပ်စွဲရတဲ့အကြောင်းရင်းတွေထဲမှာ

– ဈေးတစ်ခုက လင်းနို့က ကူးတယ်ဆိုတဲ့ မခိုင်လုံတဲ့ ဝါဒဖြန့်ချက်တွေ

– ကြေညာခဲ့တဲ့ ကာလမတိုင်ခင် ကတည်းက ပြန့်နှံ့နေခဲ့တဲ့ သက်သေတွေ

– တရုတ်အာဏာပိုင်တွေရဲ့ သတင်းဖုံးကွယ်မှုတွေ

– တရုတ် သုသေတန ဌာနကြီးတွေရဲ့ အံသြဖွယ် နှုတ်ဆိတ်နေမှုတွေ

– WHO နဲ့ အခြားသောနိုင်ငံက အဖွဲ့အစည်းတွေအပေါ် တရုတ်လွှမ်းမိုးမှုတွေ

– အဆိုပါ ရောဂါ ဖြစ်မလာခင် တရုတ်သိပ္ပံပညာရှင်တွေ ထုတ်ပြန်ခဲ့တဲ့ လူလုပ်ဗိုင်းရပ်စ်  ဇီဝလက်နက်တွေ အကြောင်း သုတေသနစာတမ်းတွေ

– ဗိုင်းရပ်စ်ကို လေ့လာရာမှာ ကူးစက်စေတဲ့ မျိုးဗီဇ ပြောင်းလဲမှုတွေဟာ ပုံမှန်မဟုတ်ဘဲ လူက ပြုပြင်ထားတဲ့ပုံနဲ့ တူနေတာတွေ

– ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းကုတ်တွေဟာ HIV ရဲ့ ကုတ်တွေနဲ့ ဆင်တူတာတွေပါဝင်နေပြီး ပိုပြင်းထန်အောင် ပြုပြင်ထားတယ်လို့ သံသယဖြစ်စရာ အချက်တွေ

ဒါတွေကို အခြေခံထားပြီး စုံစမ်းထောက်လှမ်းထားတာပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကိုမှ တရုတ်ရဲ့ နိုင်ငံရေးပေါ်လစီတွေ၊ Unrestricted Warfare လို့ ခေါ်တဲ့ ကန့်သတ်ချက်မရှိ နည်းမျိုးစုံသုံးမယ့် စစ်ပွဲနည်းဗြူဟာတွေ အကြောင်းတွေနဲ့ ယှဉ်တွဲပြီး အဆိုပါ သတင်းထောက်ဟာ သူ့ရဲ့ သံသယတွေကို ဖော်ထုတ်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်ဖို့ စေတနာနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။

ဘာသာပြန်သူက Tariq L Walker ဖြစ်ပါတယ်။ အန်ကုတ်ဒင်းနဲ့ အညွှန်းကိုတော့ Littleneo လုပ်ပေးထားပါတယ်။

File Size : (400 Mb)
Quality : 720p HDrip
Format…mp4
Duration…45 min
Genre : Documentary
Subtitle : Myanmar Subtitle (Hard Sub)
Translated by  Tariq L Walker
Encoded by Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies