Exit print mode Print Data A+ A- Undo all

The Greatest Game Ever Played (2005)

The Greatest Game Ever Played (2005)The Greatest Game Ever Played (2005)

Synopsis:

ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.

တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.

အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.

ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best Sport Movie ဆုကိုပါရရှိခဲ့ပါသေးတယ် အဓိကသရုပ်ဆောင်အနေနဲ့ Transformers ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပြီး 2005 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ Transformers ရုပ်ရှင်မထွက်ခင် ၂ နှစ်လောက်က ထွက်ရှိထားခဲ့တာမလို့ Shia ရဲ့ ငယ်ရုပ်လေးကို Transformers လို အက်ရှင်ဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရမှာပါ.

 

File size…(2.5GB)/(1.4 GB)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….02:00:00
Genre…Biography,Drama, Sport
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Jo Joe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $25 000 000,00
Revenue
USD $15 431 177,00
Popularity
19.992
Status
Released
ID IMDb.com
tt0388980
IMDB Rating
7.4
ID Themoviedb.org
15487
TMDb Rating
7.237
TMDb votes
437