Exit print mode Print Data A+ A- Undo all

The Green Snake (2019)

The Green Snake (2019)The Green Snake (2019)

Synopsis:

အချစ်ကြောင့် ဘယ်နှစ်ယောက်များ ပျော်ရွှင်ပြီးပြီလဲ ? ဘယ်နှစ်ယောက်များ ဝမ်းနည်းကြေကွဲပြီးပြီလဲ ? ကိုယ်စတေးလိုက်တဲ့ အချစ်က သူ့အတွက် တကယ်ရော ပျော်ရွှင်နိုင်ပါ့မလား…. ဝန်ထုပ်ဝန်ပိုးဖြစ်နေမလား….

မြွေဖြူ မြွေစိမ်း ပုံပြင်လေးကတော့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် မစိမ်းတဲ့ပုံပြင်တစ်ခုပါ ။ အခုက မြွေစိမ်းမယ် ရဲ့အကြောင်းလေးပါ။ အတိုက်ခိုက်ခံရတဲ့ မြွေစိမ်းမယ်က လော့ချွမ်းမြစ်ထဲကို ကျသွားတဲ့အခါ လော့ချွမ်းမြစ်ရဲ့ ကူးတို့နတ်သား ဖြစ်တဲ့ “ရွှမ်ယာ” ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ် ။

အချစ်အတွက်နဲ့ ကူးတို့နတ်သား အဖြစ်အပြစ်ပေးခံထားရတဲ့ “ရွှမ်ယာ” က ဟိုးအရင်က ကျေးဇူးတရားကြောင့် မြွေစိမ်းလေးကို အသည်းနှလုံးစတေးပြီး ကယ်တင်ပေးခဲ့ပါတယ်။

ချစ်သူ “ရွှမ်ယာ” ကို ရှာဖွေဖို့ နှစ်ပေါင်း ၃၀၀ လောက်အချိန်ကုန်ပြီးနောက်မှာ “မုယောင်” လို့ခေါ်တဲ့ မိန်းကလေးက လော့ချွမ်းမြေကို ရောက်ရှိလာပါပြီ ။ သူ့အချိန်တွေကို စတေးပြီး ရှာဖွေပြီးမှ တွေ့ရှိခဲ့တဲ့ “ရွှမ်ယာ” ကအခုတော့ နှလုံးသားမရှိတော့ဘူးတဲ့လား …..

သွေးအေးအေးနဲ့ မိခင်ရဲ့ သွေးကြွေးကိုဆပ်ဖို့ စောင့်နေတဲ့ စောင်းသမားလေး “ရှမ်းရှို့” ကတော့ “ရွှမ်ယာ” ကိုသတ်ဖို့ပြင်ဆင်ပြီးကာမှ မြွေစိမ်းလေး ရဲ့လှပမှုအောက် လဲကျခဲ့ရတဲ့အခါ…..

နှစ်တစ်ထောင်မှာတစ်ခါပဲ ထွက်ပေါ်လာမယ့် လော့ချွမ်းမြေရဲ့ ကျင်းကန်ပုလဲ ကိုရယူဖို့ ကြိုးစားနေကြတဲ့ အချိန်လေးမှာ “မြွေစိမ်းမယ် ၊ ကူးတို့နတ်သား ရွှမ်ယာ ၊ အချစ်ကြီးသူ မုယောင် နဲ့ သားလိမ္မာလေး ရှမ်းရှို့” တို့ကြား ဘယ်လိုမျိုး ရစ်ပတ်နှောင်ဖွဲ့မှုတွေနဲ့ ပရိသတ်ကိုဖမ်းစားသွားမလဲဆိုတာတော့ … ဆက်ပြီးကြည့်လိုက်တော့နော် ။ ။

 

 

Translated and Reviewed by Jojova

Encoded by YK

Quality :1080p and 720p

File Size :1.2 Gb and 645Mb

Duration :1h 18min

Subtitle : Myanmar (Hardsub)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Shuang Shi Qing She
Director
Fei Xu
Stars
Jiaming Ma, Sheng Nan
Release Date
4 August 2019
Runtime
1h 18min
Country
China
Popularity
0.6
Status
Released
ID IMDb.com
tt11580634
IMDB Rating
6.1
ID Themoviedb.org
754727