တမူထူးခြားတဲ့ ဒိုင်ယာလော့ခ်တွေနဲ့ ပုံမှန်ကနေ ခွဲထွက်လာခဲ့တဲ့ ……….
“The Happytime murders”……….
ကျွန်တော်တို့တွေ ” Melissa McCarthy “ဆိုတဲ့ မိန်းမဝဝကြီးကို
နာမည်သာ မသိရင်နေမယ် သူ့ရုပ်ရှင်တွေကိုတော့ ကြည့်ဖူးကြမှာပါ……
ပေါ့ပေါ့ပါးပါး ဟာသဇာတ်လမ်းမျိုးတွေကို ရိုက်ကူးလေ့ရှိတဲ့
သရုပ်ဆောင်မင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်
သူ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့
“Spy”တို့ “Ghostbusters “တို့ “Hangover part 3″တို့အစရှိသဖြင့်ပါပဲ….
နောက်ထပ်လည်း အများကြီးရှိပါသေးတယ် ယခု ၂၀၁၈ မှာလည်း
သူဟာ တမူထူးခြားတဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ပြန်ပါပြီ
ဘယ်လိုထူးခြားတာလဲဆိုတော့ ဒီဇာတ်ကားလေးမှာ “Puppets” ဆိုတဲ့ အရုပ်လေးတွေကို
သက်ရှိအဖြစ် ဖန်တီးထားတာပါ
အဲ့လို လူသားတွေနဲ့ အရုပ်တွေ အတူတကွနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာ
အရုပ်တွေဟာ လူသားတွေရဲ့ အနှိမ်ခံလူတန်းစားတစ်ရပ်အဖြစ် ဆက်ဆံခံ ကြရပါတယ်
ဒါပေမယ့် အရုပ်ကလေးတွေဆိုပြီး ကလေးကြည့်ဇာတ်ကားတစ်ခုလို့တော့ မထင်စေချင်ပါဘူး
နိုင်ငံတကာ rating အရဆိုရင်တော့ ၁၆နှစ်အထက်မှ ကြည့်ရှုသင့်တယ်ဆိုပြီး
ဝိုင်းဝန်းထောက်ခံထားကြတဲ့ဇာတ်ကားတစ်ခုပါ
ပြီးတော့ ဇာတ်ကားထဲမှာ သုံးနှုန်းထားတဲ့ ဟာသစကားလုံးတစ်ချို့ဟာလည်း
အသစ်တီထွင်ပြီး သုံးစွဲထားတာပါ
ဒါတင်မကပါဘူး တစ်ချို့အခန်းတွေမှာ လိင်အသားပေးဇာတ်ဝင်ခန်းအနည်းငယ်ကို
ဟာသအနေနဲ့ ရိုက်ပြထားပါသေးတယ်
ဒါပေမယ့် သူ့ရဲ့နောက်ခံဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်
လူသတ်မှုကို လိုက်လံဖော်ထုတ်တဲ့ ဟာသစုံထောက်ဇာတ်ကားပါ………….
လျှို့ဝှက်ချက်တွေ, မြုပ်ကွက်တွေ ရယ်မောစရာလေးတွေနဲ့ ကြည့်ရှုသူကို
ဇာတ်ကားပြီးတဲ့အထိ ဆွဲဆောင်သွားမှာပါ
နောက်တစ်ချက်ကတော့ ဇာတ်ရုပ်ပီပြင်မှုပါပဲ…..
“Puppet”ဆိုတဲ့ အရုပ်လေးတွေကို ရုပ်ရှင်ကြည့်ရှုနေတဲ့သူတွေရဲ့စိတ်ထဲမှာ
တကယ်အသက်ရှိတယ်လို့ ခံစားလာရပါလိမ့်မယ်
အရုပ်လေးတွေကို ဇာတ်ကောင်အနေနဲ့ သရုပ်ဖော်တဲ့နေရာမှာ
ပီပြင်မှုရှိအောင်လည်း တော်တော် အားထုတ်ခဲ့ကြပါတယ်
ဇာတ်ကားကို ခြုံငုံပြီးပြောရရင်တော့ သင့်ရဲ့စိတ်ကို ပျော်ရွှင်ကျေနပ်မှု ရသပေးစွမ်းနိုင်မှာဖြစ်ပြီး
ပျော်ရွင်စရာ “Happy ending” ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ထားတဲ့
ဇာတ်ကားကောင်းလေးတစ်ခုပါပဲ……
File Size : (929 MB) and (310 MB)
Quality : BluRay 720p
Running Time :1hr 31min
Format : Mp4
Genre : Action , Comedy , Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Mg King
Encoded by Moe Myint Lwin
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။