Exit print mode Print Data A+ A- Undo all

The Hunt for Red October (1990)

Invisible. Silent. Stolen.
The Hunt for Red October (1990)The Hunt for Red October (1990)

Synopsis:

The Hunt for Red October (1990)

~ IMDb – 7.5/10, Rotten Tomatoes – 88% ~

ဒီရုပ်ရှင်က စာ​ရေးဆရာ Tom Clancy ရဲ့ ဇာတ်​ကောင် Jack Ryan တစ်ယောက် စာမျက်နှာ​ထက်က​နေ ပိတ်ကား​ပေါ်ကို စတင်​ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်​ပေးမှာက​တော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။

ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan’s Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူ​တွေ​ရော Action ကားပရိသတ်​တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂​ယောက်က​တော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။

ရုရှား​ရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦး​ဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းက​နေ အ​မေရိကန်ကို ထွက်​ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ​ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီး​ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ​ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အ​မေရိကန်ဘက်မှာ ခိုလှုံမယ့်အ​ကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှား​တွေ အသည်းအသန်တားဆီးဖို့ အ​ကြောင်းဖန်လာတာပါ။ အ​မေရိကန်​တွေအမြင်မှာ​တော့ တာ​​ဝေးပစ်ဒုံး​တွေ သယ်​ဆောင်လာတဲ့ ဆိုဗီယက်ပိုင်​ရေငုပ်သင်္ဘောကြီးက အ​ကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။

Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့က​တော့ CIA ရဲ့ သု​တေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အ​နေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သ​ဘောထားကို ယူအက်စ်​အာဏာပိုင်​တွေ၊ ရေတပ်အရာရှိ​​တွေ ယုံကြည်အောင် နားချရပါ​တော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့​ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအ​ရောက်မခံနိုင်လို့ ​​သွေးထိုးမှု​တွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အ​မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ​ရှေ့​နောက်ညှပ်တိုက်မှုကို ခံရမယ့်အ​​​ခြေအ​နေပါ။

ဂျက်အ​​နေနဲ့ ဆိုဗီယက်ရဲ့​သွေးထိုးမှု​တွေကို ယူအက်စ်​​အာဏာပိုင်​တွေ နားမ​ယောင်​အောင် ​ပြောနိုင်မလား။ အ​နောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘော​တွေရန်က​နေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.4GB, 780MB
Quality – 1080p, 720p
IMDb Rating – 7.5/10
Format – mp4
Duration – 2H 15Min
Genre – Action, Adventure, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by X
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
John McTiernan
Stars
A.C. Lyles, Alec Baldwin, Anatoli Davydov, Andrew Divoff, Anthony Peck, Artur Cybulski, Ben Hartigan, Boris Lee Krutonog, Courtney B. Vance, Daniel Davis, David Sederholm, Denise E. James, Don Oscar Smith, F.J. O'Neil, Fred Dalton Thompson, Gates McFadden, George H. Billy, George Saunders, Herman Sinitzyn, Ivan G'Vera, Ivan Ivanov, James Earl Jones, Jeffrey Jones, John McTiernan Sr., John Shepherd, Joss Ackland, Kenton Kovell, Krzysztof Janczar, Larry Ferguson, Louise Borras, Mark Draxton, Michael George Benko, Michael Welden, Ned Vaughn, Pete Antico, Peter Firth, Peter Jason, Peter Zinner, Ping Wu, Radu Gavor, Ray Reinhardt, Reed Popovich, Richard Jordan, Rick Ducommun, Robert Buckingham, Ronald Guttman, Sam Neill, Scott Glenn, Sean Connery, Shane Black, Stellan Skarsgård, Sven-Ole Thorsen, Tim Curry, Timothy Carhart, Tom Fisher, Tomas Arana, Tony Veneto, Vlado Benden, William Bell Sullivan
Release Date
1990
Rated
PG
Runtime
2h 15m
Awards
Won 1 Oscar, 3 wins & 8 nominations total
Country
United States
Budget
USD $30 000 000,00
Revenue
USD $200 512 643,00
Popularity
30.311
Status
Released
ID IMDb.com
tt0099810
IMDB Rating
7.5
IMDB votes
208000
ID Themoviedb.org
1669
TMDb Rating
7.388
TMDb votes
2878