Exit print mode Print Data A+ A- Undo all

The Interpreter (2005)

The truth needs no translation.
The Interpreter (2005)The Interpreter (2005)

Synopsis:

 

Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I’m Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။

မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ၃ဖွဲ့ ရှိပါတယ်။ အဂျင်း ဇိုလာနဲ့ ကူမန်း-ကူမန်းက ဒေါက်တာ ဇူဝါနီ အစိုးရအဖွဲ့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။

ဒေါက်တာ ဇူဝါနီက သူ့ရဲ့ လူမျိုးတုန်းသုတ်သင်ရေး မူဝါဒအတွက် ကုလသမဂ္ဂရဲ့ ICCမှာ တရားစွဲခံရတော့မှာပါ။ ဒီလို တရားစွဲခံရတော့မှာမို့လို့ ဒေါက်တာ ဇူဝါနီက UNကို လာပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့အမြင်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို မိန့်ခွန်းလာပြောတော့မှာပါ။

ဆေးလ်ဗီယာ ဘရွန်းလို့ ခေါ်တဲ့ ကောင်မလေးက ကုလသမဂ္ဂမှာ စကားပြန်အနေနဲ့လုပ်နေတဲ့ မတိုဘူ နိုင်ငံသူလေးပါ။ သူအလုပ်လုပ်နေရင်း ကုလသမဂ္ဂက ရုံးခန်းမှာ ပစ္စည်းကျန်ခဲ့လို့ လာယူရင်း ကုလသမဂ္ဂမှာ မိန့်ခွန်းလာပြောမယ့် ဒေါက်တာဇူဝါနီကို လုပ်ကြံမယ့်အကြောင်း လုပ်ကြံရေးသမားတွေ ပြောနေကြတာကို ကြားသွားပါတော့တယ်။ ထိုအကြောင်းကို သူ(မ)က လျှို့ဝှက်ထောက်လှမ်းရေးကို တိုင်လိုက်တော့ အေးဂျင့် တိုဘင် ကယ်လာနဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။

တိုဘင်နဲ့ ဆေးလ်ဗီယာတို့ လုပ်ကြံရေးသမားကို လိုက်ရှာကြရင်း မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ လုပ်ကြံမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေနဲ့ ကြုံလာတဲ့အခါမှာတော့ ….. လုပ်ကြံရေးသမားတွေက ဘယ်သူလဲ ….. ဘာလို့လုပ်ကြံမှာလဲ …. ဒီ ဇာတ်လမ်းမှာ လူဆိုးက ဘယ်သူလဲ …. လူကောင်းက ဘယ်သူလဲ …. အစရှိတာတွေကို Action ဆန်ဆန် ပြေးရင်းလွှားရင်းနဲ့ ထောက်လှမ်းရေးပုံစံနဲ့ကိုပါ ပေါင်းပြီး ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ကဲ Reviewကို ဒီမှာတင် အဆုံးသတ်ပြီး Please enjoy the movie ။

အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။

 

File size…(2.3 GB)/(1.3 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:08:00
Genre…Crime, Mystry, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Minn Khant Kyi Win



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $80 000 000,00
Revenue
USD $162 944 923,00
Popularity
20.265
Status
Released
ID IMDb.com
tt0373926
IMDB Rating
6.4
ID Themoviedb.org
179
TMDb Rating
6.3
TMDb votes
1331