Channel Myanmar

The Invisible Guest (2016)

Contratiempo    

PG-13 1h 46 min CrimeMysteryThriller

8.1
IMDB: 8.1/10 118,997 votes

,

, , , , , , , , ,

1 win & 2 nominations

Spain

749892

Report error

The Invisible Guest(2016)

IMDb…8.1,,,,,,Rotten…67%

ဒီဇာတ်ကားရဲ့ ပထမဆုံးအခန်းမှာတင် လူသတ်မှုကျူးလွန်သူလို့

စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီး

ရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်…

သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့

သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်….

သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့

ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့

အမည်မသိချိန်းခြောက်သူကပြောတယ်…

သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်…

အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်…၁၅မိနစ်လောက်မေ့သွားပြီး

သတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်

အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်….

ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်း

ထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ …အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကို

နားချတယ်…

အဲ့ဒီနောက်မှာတော့……………

ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ…. လူတစ်ယောက်လုံးသတ်ပြီး

ချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ….

သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ…သူပြောတာတွေကရော တကယ့်အမှန်တရားလား……

ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်း

ဖြစ်စဉ်တွေပြသွားတယ်….ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်

အံ့အားသင့်စရာတွေလည်းအများကြီးပဲ…

ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်…..ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်း

ဘာကိုမှန်းမသိလန့်လာတာလိုလို … ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်း

ငါဆိုရင်ရောဘယ်လိုလုပ်မလဲ …စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်….

စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ…

ဒီကားကြည့်နေစဉ် မိနစ်(၃၅)မိနစ်လောက်ရောက်တာနဲ့ cm ကအညွှန်းက မလွန်ပါဘူးလေ

ဆိုပြီး ခင်ဗျားတို့ သဘောပေါက်သွားလိမ့်မယ်….

—————————————————

 

File Size : (950 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:46:00
Genre : Crime, Mystery, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by SCRN
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Invisible Guest (2016)
The Invisible Guest (2016)
The Invisible Guest (2016)
The Invisible Guest (2016)
The Invisible Guest (2016)


No downloads available

Genres



Related movies