Exit print mode Print Data A+ A- Undo all

The Kung Fu Cult Master (1993) မြန်မာစာတန်းထိုး

The Kung Fu Cult Master (1993) မြန်မာစာတန်းထိုး

Synopsis:

တစ်ခေတ်တစ်ခါက ကောင်းမွန်ပြီးလူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ..နဂါးနိုင်ဓါးရဲ့
ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်းပုံမှန်ကျွန်တော်တို့ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲထက်တော့
တော်တော်များများကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစား
ကြည့်လိုက်ပါ..
ဇာတ်လမ်းအကျဉ်းကိုမပြောတော့ပေမယ့် သိတဲ့သိထိုက်တဲ့အချက်အလက်လေးကိုမျှဝေလိုက်ပါတယ်
သိမ်းငှက်သူရဲကောင်းရန်ကို့ရဲ့သံဓါးကို ဦးလေးတစ်ဝမ်းကွဲတော်သူ ကောကျင့် နဲ့ သူ့ဇနီးကရရှိခဲ့ပါ
တယ်..အဲ့ဓါးကိုရရှိခဲ့အခါမှာတော့ ကောကျင့်တို့ဇနီးမောင်နှံဟာ ဓါးကိုရွှေနဲ့ရောကျို ပြန်အရေဖျော်ပြီး
ဓါး၂လက်အဖြစ်သွန်းလုပ်ခဲ့တယ်..အဲ့ဓါး၂လက်ကနဂါးနိုင်ဓါးနဲ့တိမ်လွှာဓါးတို့ပဲဖြစ်ကြပါတယ်
ကောကျင့်အကြောင်းကိုရိုက်ထားတဲ့ မက်မွန်မြေက ချစ်တေးတစ်ပုဒ် ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ဖူး
သူတွေသိကြမှာပါ..အဲ့ဇာတ်ကားထဲမှာပါတဲ့ မယ်ချောက်ဖုန်ရဲ့ ဦးခေါင်းခွံကိုထိုးဖောက်တဲ့လက်သည်း
သိုင်းဆိုတာ မရဏသိုင်းကျမ်းရဲ့ဒုတိယတွဲပါ..အဲ့ သိုင်းကျမ်းကိုတော့ တိမ်လွှာဓါးအတွင်းမှာ ထည့်သွင်း
ခဲ့ပါတယ်..နဂါးနိုင်ဓါးထဲမှာတော့ စစ်ရေးစစ်ရာဗျူဟာကျမ်း ( ကောကျင့်တို့လိုက်ရှာခဲ့တဲ့ကျမ်း )
ကိုထည့်သွင်းခဲ့ပါတယ်…( 2003 က ရိုက်ကူးထားတဲ့နဂါးနိုင်ဓါးဇာတ်လမ်းတွဲထဲမှာတော့ နဂါးနိုင်ဓါးထဲမှာ
နဂါးနိုင်လက်ဝါးသိုင်းကိုထည့်သွင်းခဲ့ပုံနဲ့ရိုက်ထားပါတယ် )
အဲ့ဓါး၂ချောင်းရဲ့လျို့ဝှက်ချက်ကိုသိတဲ့သူအတော်ရှားပေမယ့် ဒီဓါး၂ချောင်း
ကိုပိုင်ဆိုင်တဲ့သူဟာသိုင်းလောကတစ်ခုလုံးကို အမိန့်ပေးလို့ရတယ်ဆိုတဲ့မက်လုံးနဲ့သိုင်းလောက
တခုလုံးမှာဓါးလုပွဲတွေအကြီးအကျယ်ပေါ်ပေါက်လာပါတယ်
ဒီလောက်ဆိုသိရောပေါ့ 😀 ဆက်လက်ကြည့်ရှုပါ
( ChannelMyanmar ကနေပြီးတော့ ရှားပါးတဲ့ဇာတ်လမ်းကောင်းကောင်းအဟောင်းလေးတွေကို
အများကြီးထပ်ပြန်ဖို့ရှိနေကြောင်းသတင်းကောင်းပါးလိုက်ပါတယ်)

Filesize : 850 MB

Quality : DvdRip

Format : mp4

Run Time : 1h 39 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By LK

Encoded By LK

Download And Watch With Pcloud Link 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။