Channel Myanmar

The Least of These(2019)

The Least of These: The Graham Staines Story    

PG-13 112 min Drama

6.6
IMDB: 6.6/10 561 votes

, , , ,

N/A

USA

935506

Report error

The Least of These(2019)

IMDb…..6.6

ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ
အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်…..
အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး
ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင်
စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်…

ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါ

ဒီလို အခြေအနေမှာ
ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီ

အဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ
စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့
သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ်

အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာ

ဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး
ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ်

အဓိက ဇာတ်ဆောင်အနေနဲ့ Three idiots ဇာတ်ကားထဲမှာ ရာဂျူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sharman Joshi
နဲ့ Stephen Baldwin
ပြီးတော့ Aditi Chengappa တို့ပါဝင် သရုပ်ဆောင်ထားတဲ့ အထုပ္ပတ္တိဆန်ဆန် ဇာတ်ကား တကားဖြစ်ပါတယ်……

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu Aung ပဲဖြစ်ပါတယ်….

 

File Size : (950 MB) and (376 MB)
Quality :720P Web-DL,
Format…mp4
Duration…01:52:00
Genre :  Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chan Myae Thu Aung
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Least of These(2019)


No downloads available

Genres



Related movies