Channel Myanmar

The Lost King (2022)

The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။

အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။

King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကို​တော် Edward IV ရဲ့သား သူ့ရဲ့တူ​​တော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်​တွေထဲမှာ အာ​ဘော်တူတူပဲ ​ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံ​ဖော်​ရေးသားထားတာပါ။

Phillipa က အဆိုပါသမိုင်းကို​ရော ပြဇာတ်ကို​ရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အ​ပေါ် ဂုဏ်သိက္ခာချတာလို့ တရား​သေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်း​လေ့လာသူ ဝါသနာရှင်‌တွေနဲ့ပေါင်းပြီး သမိုင်း​ကြောင်းအမှန်ကို သိ​​အောင်​လေ့လာရင်း Richard III ရဲ့ရုပ်အ​လောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့​နေရာကိုပါ မသိလို့ Phillipa တစ်​ယောက် ရုပ်အ​လောင်းကိုရှာဖို့ စတင်ကြိုးစားပါ​တော့တယ်။

အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်း‌ဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.1GB, 1GB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 1H 48Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by JimX & Htet Kyaw Myo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Lost King (2022)
The Lost King (2022)
The Lost King (2022)


No downloads available

Genres



Related movies