Exit print mode Print Data A+ A- Undo all

The Mask (1994)

The Mask (1994)

Synopsis:

1994 ခုနှစ မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ်

IMDB: 6.9/10
Metacritic : 56%
Rotten Tomatoes : 77%

Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်…

The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ
Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ

” From Zero To Hero… ”

File Size       :   700 Mb

Quality         :   720 HD

Translator   :    Ye Khant Min

Encoder       :    Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Mask
Director
Chuck Russell
Stars
Amy Yasbeck, Jim Carrey, Peter Greene, Peter Riegert
Release Date
29 Jul 1994
Rated
PG-13
Runtime
101 min
Awards
Nominated for 1 Oscar. Another 6 wins & 17 nominations.
Country
USA
ID IMDb.com
tt0110475
IMDB Rating
6.9
IMDB votes
265,252