Exit print mode Print Data A+ A- Undo all

The Match-Stick Flame 2: Lunada Bay (2023)

The Match-Stick Flame 2: Lunada Bay (2023)The Match-Stick Flame 2: Lunada Bay (2023)

Synopsis:

ဒေါ်လ်တန်မက်ချ်စတစ်က နေဗီဆီးလ်တပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်မှာစစ်မှုထမ်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့​အဖေဖြစ်သူ မက်ချ်စတစ်က​ မူးယစ်​ဂိုဏ်း​တစ်ခုမှာပါဝင်ပတ်သက်ခဲ့ပြီးနောက် ဂိုဏ်း​ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့​ မစ္စတာ​တန်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒေါ်လ်တန်​က​ မစ္စတာ​တန်ကို လက်စား​ချေနှိမ်နင်းနိုင်ခဲ့ပြီးနောက်​ တစ်နှစ်လောက်​ အနားယူနေခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးမှုနဲ့​ စစ်​ပွဲအတွင်းကရခဲ့တဲ့ စိတ်ဒဏ်ရာ PTSD​ ဝေဒနာများကြောင့် တစ်ဦးတည်းဇာတ်မြှုပ်နေထိုင်ခဲ့ရာမှ​ တစ်နှစ်အကြာမှာတော့ ဇာတိ​ဖြစ်တဲ့​ ကယ်လီဖိုးနီးယားကို​ ပြန်​လာခဲ့ပါတယ်။

အဲဒီအချိန်မှာ​ သူ့အဖေ​ မက်ချ်စတစ်မှာ​ တိုက်ဂါးလို့ခေါ်တဲ့သားတစ်ယောက်ရှိသေးပြီး တိုက်ဂါး​ဟာ​ ဟော​လီးဝုဒ်မြို့က​ လူဆိုးဂိုဏ်းတစ်ဦးကိုဦးစီးနေကြောင်း သိလိုက်ရပါတယ်။ တစ်ချိန်​တည်းမှာပဲ လူနာဒါဘေး​ဂိုဏ်း​ဟာ​ ပြည်နယ်​တစ်ခုလုံးက​ ကမ်းခြေ​တွေကိုကြီးစိုးထားပြီး ဂလက်ဆီလို့ ခေါ်တဲ့ မူးယစ်​ဆေးတစ်မျိုးကိုဖြန့်ချိနေတာကို​ သိလို​က်ရချိန်မှာတော့ ဒေါလ်​တန်​တစ်ယောက်​ လူနာဒါဘေး​ဂိုဏ်း​ကို ဖြို​ခွဲဖို့ကြိုးစားရပါတော့တယ်။ ဒီ​ဇာတ်ကား​က​ 2023​ မှာထွက်ရှိခဲ့တဲ့ Action/Drama အမျိုးအစား​ဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူး​ထားတဲ့​ဇာတ်ကား​ဖြစ်​ပြီး​ Elite Marketing Excellence​ ကုမ္ပဏီ​က​ ထုတ်လုပ်​ထားတာ​ဖြစ်​ပါတယ်။ သမားရိုးကျ​ အက်ရှင်ကားဖြစ်ပြီး Match-Stick​ Flame 2 ကိုနားလည်ဖို့အတွက်​ ပထမ​ဇာတ်​ကားကိုကြည့်စရာမလိုပါဘူး။

File size…(2 GB)/(1.1 GB)/(650 Mb)

Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:32:00
Genre…Action, Crime, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
1.199
Status
Released
ID IMDb.com
1083848
IMDB Rating
5.5
ID Themoviedb.org
1083848
TMDb Rating
2
TMDb votes
1