Channel Myanmar

The Moon Is… the Sun’s Dream (1992)

The Moon Is... The Sun's Dream    

N/A 103 min CrimeRomance

7.1
IMDB: 7.1/10 71 votes

, , ,

N/A

South Korea

162679

Report error

ဖခင်​ကို မုန်​းတီး​နေတဲ့စိတ်​နဲ့ လူမိုက်​ဂိုဏ်​းထဲဝင်​ခဲ့တဲ့ ​ကောင်​​လေးတစ်​​ယောက်​ရဲ့အချစ်​ဇာတ်​​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ The Moon Is The Sun Dream ဆိုတဲ့ ဇာတ်​ကား​လေးက​တော့ 1992 က ဒါရိုက်​တာ Park Chan Wook ရဲ့ ပွဲဦးထွက်​ဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။

အ​ဖေတူအ​မေကွဲ ညီအကိုနှစ်​​ယောက်​ဖြစ်​တဲ့ ဟာ​ယောင်​းနဲ့ မူဟွန်​ဟာ ဖခင်​ကိုမုန်​းတီးကြ​ပေမယ်​့ သူတို့အချင်​းချင်​း​တော့ သိပ်​ချစ်​ကြတဲ့ညီအကို​တွေပါ။ ဘူဆန်​က လူဆိုးဂိုဏ်​းအဖွဲ့ဝင်​တစ်​ဦးဖြစ်​တဲ့ မူဟွန်​ဟာ သူ့သူ​ဌေးရဲ့ ​ကောင်​မ​လေး အွန်​းဂျူကိုချစ်​မိသွားခဲ့တဲ့အခါ သူ​ဌေးရဲ့​ငွေ​တွေနဲ့ အွန်​းဂျူကို​ခေါ်ပြီထွက်​​ပြေးခဲ့ပါတယ်​။

မျက်​နှာမှာ အမာရွတ်​​လေးရှိတာကလွဲပြီး လှပတဲ့ အွန်​းဂျူကို အကိုဖြစ်​သူ ဓာတ်​ပုံဆရာ ဟာ​ယောင်​းဆ်ီမှာ ထားခဲ့ပြီး မူဟွန်​ဟာ ဂိုဏ်​းရဲ့ခြိမ်​း​ခြောက်​မှုကို အွန်​းဂျူမသိ​အောင်​ ကြိုးစားပြီး​နေ​နေ​တဲ့အချိန်​မှာ အွန်​းဂျူရဲ့ရုပ်​ရည်​ကိုသ​ဘောကျသွားတဲ့ ထုတ်​လုပ်​သူတစ်​ဦးဟာ အမာရွတ်​ကိုဆာဂျရီလုပ်​​ပေးခဲ့ပြီး အွန်​းဂျူတစ်​​ယောက်​ အနုပညာ​လောကကိုဝင်​ဖို့ ​ခြေလှမ်​းစခဲ့ပါတယ်​။

ဒီလိုနဲ့ အတူတူ​နေလာရင်​း ဟာ​ယောင်​းဟာ အွန်​းဂျူကိုချစ်​မိသွားခဲ့ပြီး မူဟွန်​က​တော့
အွန်​းဂျူနဲ့ အကိုဖြစ်​သူရဲ့အသက်​ကိုကာကွယ်​ဖို့အတွက်​ ဂိုဏ်​းကသတ်​ခိုင်​းတဲ့လူတစ်​ဦးကို သတ်​​ပေးဖို့ လက်​ခံလိုက်​ရပါတယ်​။

အွန်​းဂျူရဲ့ပွဲဦးထွက်​ဖက်​ရှင်​ရှိုးပွဲမှာ အွန်​းဂျူတား​နေတဲ့ကြားက လူသတ်​ဖို့ထွက်​သွားတဲ့ မူဟွန်​တစ်​​ယောက်​ သတ်​ရမယ်​့သူဟာ သူနဲ့ရင်​းနှီးတဲ့မိတ်​​ဆွေဖြစ်​​နေတဲ့အခါ…….မူဟွန်​တစ်​​ယောက်​ ဘယ်​လို​ဖြေရှင်​းမလဲ

မူဟွန်​ ဟာ​ယောင်​းနဲ့ အွန်​းဂျူတို့သုံး​ယောက်​ရဲ့ သုံးပွင်​့ဆိုင်​ဇာတ်​လမ်​း​လေးက ဘယ်​လိုအဆုံးသတ်​မလဲ……

ဒီကား​လေးဟာ​ခေတ်​​ဟောင်​းကား​လေးဖြစ်​​ပေမယ်​့ ​ဆွေး​မြေ့​မြေ့သီချင်​း​လေး​တွေနဲ့ ရသခံစားမှုတစ်​ခု​ပေးနိုင်​မယ်​့ ဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​များအဖြစ်​​တော့
မူဟွန်​အဖြစ်​ Lee Seung-chul

အွန်​းဂျူအဖြစ်​ Na Hyun-hee

ဟွာ​ယောင်​းအဖြစ်​ Song Seung-wha တို့က ပါဝင်​သရုပ်​​ဆောင်​ထားတာပဲဖြစ်​ပါတယ်​။

 

Qty – 720p Web DL

Duration – 1hr 50min

Gern – Crime/Thrill/Romance

Translator – Lwin Aung

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies